Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalမာချာဒိုက သူမ၏ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို...

မာချာဒိုက သူမ၏ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ထရမ့်အား ပေးအပ်လိုသည်ဟု ပြောကြားချက်အပေါ် နိုဘယ်လ်ဆုကော်မတီက ပယ်ချ

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက သူမ ရရှိထားသည့် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား လွှဲပြောင်းပေးအပ်နိုင်ခြေရှိကြောင်း ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ်ဆုကို အခြားသူထံ လွှဲပြောင်းခြင်း၊ မျှဝေခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းတို့ ပြုလုပ်၍မရကြောင်း နော်ဝေနိုဘယ်ဆုချီးမြှင့်ရေးကော်မတီက အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

နိုဘယ်လ်ဖောင်ဒေးရှင်း၏ ပြဋ္ဌာန်းချက်များအရ နိုဘယ်လ်ဆု ချီးမြှင့်ရန် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပြီး အယူခံဝင်၍မရသကဲ့သို့ ပြင်ဆင်၍လည်း မရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် ဆုရွေးချယ်ရေး ကော်မတီများအနေဖြင့် ဆုရရှိသူများ၏ နောက်ပိုင်းလုပ်ရပ်များ သို့မဟုတ် ပြောကြားချက်များအပေါ် မည်သို့မျှ မှတ်ချက်ပေးလေ့မရှိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

“နိုဘယ်လ်ဆုကို တစ်ကြိမ် ကြေညာပြီးသွားပြီဆိုရင် ရုပ်သိမ်းလို့မရသလို၊ တခြားသူကို မျှဝေတာ ဒါမှမဟုတ် လွှဲပြောင်းပေးအပ်တာမျိုး လုပ်လို့မရပါဘူး” ဟု နော်ဝေနိုဘယ်လ်ကော်မတီနှင့် နော်ဝေနိုဘယ်လ်အင်စတီကျုတို့က သောကြာနေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ “ဒီဆုံးဖြတ်ချက်ဟာ အပြီးသတ်ဖြစ်ပြီး အစဉ်အမြဲ တည်ရှိနေမှာပါ” ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် တနင်္လာနေ့က Fox News ရုပ်သံလိုင်းမှ ရှောင်ဟန်နတီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မာချာဒိုက ပြောကြားရာ၌၊ ပြီးခဲ့သည့်အပတ်က အမေရိကန်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုကို ရာထူးမှ ဖယ်ရှားပေးနိုင်ခဲ့သည့်အတွက် ဗင်နီဇွဲလားပြည်သူများ၏ ကျေးဇူးတင်ရှိမှုတစ်ရပ်အနေဖြင့် ထရမ့်အား ဤဆုကို ပေးအပ်လိုခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

“ခင်ဗျားအနေနဲ့ သူ့ကို (ထရမ့်ကို) နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးဖို့ ကမ်းလှမ်းခဲ့တာ ရှိပါသလား။ အဲဒါ တကယ်ပဲ ဖြစ်ခဲ့တာလား” ဟု ဟန်နတီက မေးမြန်းရာတွင်မူ မာချာဒိုက “အင်း… အဲဒါက အခုထိတော့ မဖြစ်သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နိုဘယ်လ်ဆုရရှိရန် ကာလရှည်ကြာ ဆန္ဒရှိခဲ့ပြီး ၎င်း၏ သံတမန်ရေးရာ အောင်မြင်မှုများနှင့် ဆက်စပ်ကာ ဆုရရှိသင့်ကြောင်း ရံဖန်ရံခါ ပြောဆိုလေ့ရှိသည့် ထရမ့်ကမူ၊ လာမည့်အပတ် ဝါရှင်တန်ဒီစီတွင် ပြုလုပ်မည့် တွေ့ဆုံပွဲ၌ မာချာဒိုက အဆိုပါဆုကို သူ့အားပေးရန်ကမ်းလှမ်းလာပါက လက်ခံရရှိသည့်အတွက် ဂုဏ်ယူမိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071