Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsမဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေး ပညာရေးစနစ်ဖြင့်...

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေး ပညာရေးစနစ်ဖြင့် စတင် ကျောင်းအပ်လက်ခံ

(Unicode)

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေး ပညာရေးစနစ်ဖြင့် စတင် ကျောင်းအပ်လက်ခံ

လာမည့် ၂၀၂၂_ ၂၀၂၃ ပညာသင်နှစ်အတွက် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေးပညာရေးစနစ်ဖြင့် ကျောင်းသားကျောင်းသူများကို စတင်ကျောင်းအပ်လက်ခံလျှက်ရှိကြောင်း အဆိုပါကျောင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်စိုး(ဓမ္မဒူတ)ကပြောသည်။

ယခင် ပညာသင်နှစ်များတွင် အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးခဲ့သော်လည်း ၂၀၂၁_ ၂၀၂၂ ပညာသင်နှစ်မှစတင်ကာ စားရိတ်မျှပေး ပညာရေးစနစ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စရိတ်မျှပေးပညာရေးစနစ်ကို ဆောင်ရွက်ရခြင်းသည် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုများကြောင့် ကျောင်းတည်ထောင်သူ မဟော်သဓာဆရာတော် ဓမ္မဒူတ အရှင်ပညာဝရအနေဖြင့် တရားပွဲများလက်ခံကျင်းပနိုင်ခြင်းမရှိခြင်း၊ ထို့ကြောင့် ကျောင်းအား ယာယီပိတ်ထားရန် အစီအစဉ်ရှိခဲ့သော်လည်း ကျောင်းသားကျောင်သူများ၏ ပညာရေးကို ငဲ့ကွက်သဖြင့် အခြားသော ဆရာတော်ကြီးများနှင့်တိုင်ပင်ကာ စရိတ်မျှပေးပညာရေးစနစ်ဖြင့် လက်ခံသင်ကြားပေးရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းသည် နေရာထိုင်ခင်းအရ ကျယ်ဝန်းသည့် ကျောင်းတစ်ကျောင်းဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများအိပ်ဆောင်တွင် တစ်ဦးနှင့် တစ်ဦး ခြောက်ပေခြားစီ ထားရှိပြီး၊ ကျောင်းသားကျောင်းသူနှစ်ဦးလျှင် အိမ်သာ တစ်လုံးကျစီ ထားရှိပေးကြောင်း သိရသည်။

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ငွေ့နံ့သာကျေးရွာ တွင်တည်ရှိကာ ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သော ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။

(Zawgyi)

မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္း(ရန္ကုန္)က စရိတ္မွ်ေပး ပညာေရးစနစ္ျဖင့္ စတင္ ေက်ာင္းအပ္လက္ခံ

လာမည့္ ၂၀၂၂_ ၂၀၂၃ ပညာသင္ႏွစ္အတြက္ မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္း(ရန္ကုန္)က စရိတ္မွ်ေပးပညာေရးစနစ္ျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ားကို စတင္ေက်ာင္းအပ္လက္ခံလွ်က္ရွိေၾကာင္း အဆိုပါေက်ာင္း၏ သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ကိုသူရိန္စိုး(ဓမၼဒူတ)ကေျပာသည္။

ယခင္ ပညာသင္ႏွစ္မ်ားတြင္ အခမဲ့ပညာေရးစနစ္ျဖင့္ သင္ၾကားေပးခဲ့ေသာ္လည္း ၂၀၂၁_ ၂၀၂၂ ပညာသင္ႏွစ္မွစတင္ကာ စားရိတ္မွ်ေပး ပညာေရးစနစ္ကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ဆိုသည္။

စရိတ္မွ်ေပးပညာေရးစနစ္ကို ေဆာင္႐ြက္ရျခင္းသည္ ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္မႈမ်ားေၾကာင့္ ေက်ာင္းတည္ေထာင္သူ မေဟာ္သဓာဆရာေတာ္ ဓမၼဒူတ အရွင္ပညာဝရအေနျဖင့္ တရားပြဲမ်ားလက္ခံက်င္းပႏိုင္ျခင္းမရွိျခင္း၊ ထို႔ေၾကာင့္ ေက်ာင္းအား ယာယီပိတ္ထားရန္ အစီအစဥ္ရွိခဲ့ေသာ္လည္း ေက်ာင္းသားေက်ာင္သူမ်ား၏ ပညာေရးကို ငဲ့ကြက္သျဖင့္ အျခားေသာ ဆရာေတာ္ႀကီးမ်ားႏွင့္တိုင္ပင္ကာ စရိတ္မွ်ေပးပညာေရးစနစ္ျဖင့္ လက္ခံသင္ၾကားေပးရန္ ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း ဆိုသည္။

ထို႔အျပင္ မေဟာ္သဓာ ကိုယ္ပိုင္အထက္တန္းေက်ာင္းသည္ ေနရာထိုင္ခင္းအရ က်ယ္ဝန္းသည့္ ေက်ာင္းတစ္ေက်ာင္းျဖစ္သည့္အတြက္ ေက်ာင္းသူေက်ာင္းသားမ်ားအိပ္ေဆာင္တြင္ တစ္ဦးႏွင့္ တစ္ဦး ေျခာက္ေပျခားစီ ထားရွိၿပီး၊ ေက်ာင္းသားေက်ာင္းသူႏွစ္ဦးလွ်င္ အိမ္သာ တစ္လုံးက်စီ ထားရွိေပးေၾကာင္း သိရသည္။

မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္ ၊ေငြ႕နံ႔သာေက်း႐ြာ တြင္တည္ရွိကာ ၂၀၁၆ ခုႏွစ္မွ စတင္ဖြင့္လွစ္သင္ၾကားေပးခဲ့ေသာ ေက်ာင္းတစ္ေက်ာင္းလည္း ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071