မဟာအောင်မြေမြို့နယ်၌ အမျိုးသားကြီးတစ်ဦး ဆိုင်ကယ်ဖြင့်ရထားလမ်းအားဖြတ်ကူးစဥ် ရထားတိုက်ခံရ
မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ၇၉ လမ်းနှင့် ၄၂ လမ်း ကြား ဂုံးကျော်တံတားအောက်ရှိ ရထားလမ်းတွင် ဇူလိုင် ၂၇ ရက်မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်တွင် ချမ်းမြသာစည်မြောက်ရပ်ကွက်နေ ဦးသန့်ဇင်(၆၁)နှစ်သည် ဆိုင်ကယ်ဖြင့်မောင်းနှင်လာကာ ရထားလမ်းအား အရှေ့မှအနောက်သို့ ဖြတ်ကူးစဥ် ရန်ကုန်ဘက်မှမန္တလေးဘူတာသို့ဝင်လာသည့် အမှတ်(၃)ရန်ကုန်-မန္တလေး ခရီးသည်တင် အဆန်ရထားဖြင့်တိုက်မိခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်မိခဲ့သဖြင့် ဦးသန့်ဇင်တွင် ယာပါးပေါက်ပြဲဒဏ်ရာ၊ဝဲပါးဖူးရောင်ဒဏ်ရာနှာခေါင်းသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဏိစလ လူမူ့ကူညီရေးအသင်းကားဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။