ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္စုလ တံတားအဆင်းတွင် အိမ်စီးကားတစ်စီး လမ်းဘေးဓာတ်တိုင်အား အရှိန်လွန် တိုက်မိရာ ယာဉ်မောင်း အမျိူးသား တစ်ဦး ထိခို က်ဒဏ်ရာရရှိခဲ့ကြောင်း AYT – Rescue Organization Group Dawbon Yangon Myanmar မှ သိရသည်။
မေလ (၉)ရက် ညပိုင်းအချိန်က ဒေါပုံမြို့နယ် မဟာဗန္စုလ တံတားအဆင်းတွင် ယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်ကြောင်း သတင်းအရ AYT rescue လူနာတင်ယာဉ် (၁)စီးဖြင့် အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မိသည့် ယာဉ်မှာ ခေါင်းပိုင်း ပျက်စီးမှုအ ချို့ရှိခဲ့ပြီး ယာဉ်မောင်း အမျိုးသား (၁)ဦးမှာ အစိမ်းရောင်အဆင့် ဒဏ်ရာရရှိထားရာ ရှေဦးသူ နာပြုစုကာ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။