ဘာသာပြန်စာအုပ် (၂) အုပ်နှင့် ညို ဝတ္ထုစာအုပ် (၃) အုပ်ကို မဟာစာပေဖြန့်ချိရေးမှ ယနေ့ (ဇူလိုင်လ ၈)ရက်တွင် မိတ်ဆက်ခဲ့သည်။
ဘာသာပြန်စာအုပ် (၂) ဖြစ်သည့် လမ်းပျောက်စာအုပ်ကို စာရေးဆရာ ဖိုးနိုင်လင်းနှင့် ငွေလရောင်ကျိန်စာ ကို စာရေးဆရာ လင်းခန့်တို့က ရေးသားခဲ့ပြီး ညို ဆိုသည့် ပင်ကိုယ်ရေးဝတ္ထုစာအုပ်ကို စာရေးဆရာ ထွန်းတောက်ထွဋ်မှ ရေးသားထားကာ မဟာစာပေဖြန့်ချိရေးမှ ဖြန့်ချိထားခြင်းဖြစ်ကြောင်း၊ ယနေ့မိတ်ဆက်ပွဲတွင် လာရောက်ဝယ်ယူသည့် စာဖတ်ပရိသတ်များကို ၂၀ ရာခိုင်နှုန်းလျှော့ဈေးပေးရောင်းချခဲ့ကြောင်း သိရသည်။
“ဒါကတော့ ဒုတိယမြောက် ပင်ကိုယ်ရေး လုံးချင်းဝတ္ထုဖြစ်ပါတယ်။ ဘာကြောင့်ရေးဖြစ်တာလဲဆိုရင် ကိုဗစ်ပြီးတဲ့ချိန် လူတွေဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ပြီး အဆင်မပြေမှုတွေများစွာနဲ့ ကျန်ခဲ့ရပါတယ်။ ကျန်ခဲ့ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတယ့်အချိန်ပေါ့။ အဲဒီအချိန်လေးမှာ လူတွေဟာ ဘယ်လိုနည်းနဲ့ အဆင်ပြေအောင်နေမလဲ ထွက်ပေါက်ရှာမလဲဆိုတာကို အဲဒီစိတ်ကူးလေးနဲ့စပြီး ရေးဖြစ်ခဲ့တာဖြစ်ပါတယ်”ဟု စာရေးဆရာ ထွန်းတောက်ထွဋ်ကပြောသည်။
ထို့ပြင် မဟာစာပေဖြန့်ချိရေးမှ ယခင်ကလည်း ထုတ်ဝေခဲ့ဖူးပြီး လက်ရှိတွင်လည်း စာအုပ်နှင့်ပတ်သက်၍ activity နည်းနေသေးသည့်အတွက် ယင်းစာအုပ် (၃) အုပ်ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း တစ်နှစ်လျှင် ၂ အုပ်နှင့် ၃ အုပ်ကြားထုတ်ဝေခဲ့ကြောင်း ယင်းဖြန့်ချိရေးမှ သိရသည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6145525359769138454_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6145525359769138455_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6145525359769138456_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6145525359769138457_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6145525359769138459_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/07/photo_6145525359769138460_y.jpg)