ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ယနေ့ ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ အာရှသက်ငယ်မသန်စွမ်းအားကစားပြိုင်ပွဲကိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲအား မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်မှ မသန်စွမ်းတိုက်ကွမ်ဒိုကစားသ မားမောင်ရွှေထွဋ်ကျော်မှဝင်ရောက်ယှဥ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဒူဘိုင်းမြို့သို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
