Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeInternationalမလေးရှား အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းမှာ...

မလေးရှား အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းမှာ ဖမ်းမိ

နယ်စပ်ပဋိပက္ခမှ ရှောင်တိမ်းရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့မှ ထွက်ပြေးလာသော မလေးရှားလူမျိုး အွန်လိုင်းငွေလိမ်လုပ်ငန်းခေါင်းဆောင်တစ်ဦးကို တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဆာကာအိုပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဘန်ကောက်မြို့ရှိ ကွန်ဒိုတစ်ခုတွင် ဆင်းမ်ဘောက်စ်လေးခု တပ်ဆင်ခဲ့မှုအတွက် အင်ဒိုနီးရှားလူမျိုး ကီဗင်နှင့် ထိုင်းလူမျိုး ဂျီရာနန်ဟုသာ အမည်ထုတ်ပြန်ထားသော စုံတွဲတစ်တွဲကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီးနောက်မှစတင်ကာ အဆိုပါ သံသယရှိမလေးလူမျိုး အန်ဂျိူးဟန်ကို ခြေရာခံမိခဲ့ခြင်းဖြစ်ကြောင်း နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးဌာနမှူး ရဲဗိုလ်ချုပ် ချာနန်နတ် ဆာရာထာဝမ်ဖယက်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အင်ဒို-ထိုင်း စုံတွဲကို ဖက်ချာဘူရီပြည်န် ချာအမ်ခရိုင်ရှိ ဇိမ်ခံဗီလာတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မစ္စတာ အန်ဂျိူးသည် ၎င်းတို့၏ အလုပ်ရှင်ဖြစ်ကြောင်းနှင့် ပွိုင်ပက်တွင် သူနေထိုင်ကြောင်းကို ၎င်းတို့က ထွက်ဆိုခဲ့သည်။

နယ်စပ်တလျှောက်တို-က်ပွဲများကြောင့် မစ္စတာအန်ဂျိုးသည် တောလမ်းအတိုင်း နယ်စပ်ကိုဖြတ်၍ ဆာကိုအိုပြည်နယ်အတွင်း ခိုးဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သိရှိခဲ့သည်။

အေရန်ယာဖရာထက်ခရိုင် ခလွန်နမ်ဆိုင်မြို့ နယ်စပ်အနီးတွင် ၎င်းကို ဖမ်းဆီးခဲ့သည်။ ထိုင်းနိုင်ငံတွင်းရှိ နေရာအမျိုးမျိုးတွင် ဆင်းမ်ဘောက်စ်များတပ်ဆင်ရန်အတွက် စုံတွဲကို သူ ညွှန်ကြားခဲ့ကြောင်း ဝန်ခံခဲ့သည်။

စက်ပစ္စည်းတစ်ခုစီတွင် ပြည်တွင်း ဆင်းမ်ကတ်များစွာပါဝင်ပြီး ဆက်သွယ်ရေးကွန်ရက်များကို နိုင်ငံတကာခေါ်ဆိုမှုများသို့ လမ်းကြောင်းပြောင်းရန် လှည့်စားခဲ့ကာ အွန်လိုင်းလိမ်လည်သူများက အသုံးပြုခဲ့ကြောင်း ရဲဗိုလ်ချုပ် ချာနန်နတ်က ပြောကြားခဲ့သည်။

အမှုနှင့် ပတ်သက်၍ ဆက်လက်အရေးယူဆောင်ရွက်ရန်အတွက် စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071