(Unicode)
မလေးရှားသွားမယ့် ထိုင်းရောက်မြန်မာ ၃၀ကျော်လမ်းခုလပ်မှာ ဖမ်းခံရ
မလေးရှားကိုသွားရောက် အလုပ်လုပ်မယ့် မော်လမြိုင်၊ထားဝယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၃၀ကျော်ဟာ ထိုင်းနိုင်ငံ ရနောင်းခရိုင် ပတ်နမ်းဒေသမှာ အစုလိုက် နေထိုင်အနားယူနေတုန်း ဖမ်းခံလိုက်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်ရွေ့ပြောင်းလုပ်သားများဆိုင်ရာကွန်ရက် တာဝန်ရှိသူကပြောပြပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်က ဖမ်းခံလိုက်ရတာဖြစ်ပြီး ဖမ်းခံလိုက်ရတဲ့ မြန်မာအရေအတွက်က ၃၄ ယောက် ရှိတယ်လို့ သူကပြောပါတယ်။
ဖမ်းခံလိုက်ရတဲ့သူတွေဟာ ကော့သောင်းမှာ တစ်ညအိပ်ခဲ့ပြီး ကော့သောင်းကနေတစ်ဆင့် စက်လှေနဲ့ ထိုင်းနိုင်ငံကို ဖြတ်ကူးပြီး မလေးရှားနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ဆွဲထားကြသူတွေဖြစ်ကြပါတယ်။
ဖမ်းခံလိုက်ရသူတွေထဲ အမျိုးသမီး ၃ ဦးပါပြီး လက်ရှိမှာ ပတ်နမ်းရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းလုပ်သားအရေးလှုပ်ရှားနေသူတစ်ဦးက “မလာပါနဲ့လို့ မပြောပါဘူး။လာပါ။တရားဝင်လမ်းကြောင်းကနေ လာပါ။သွားပါ။တရားမဝင်လမ်းကြောင်းကနေ လာပြီး ဖမ်းခံထိရင် ငွေလည်းဆုံးရှုံးမယ်။အဖမ်းလည်းခံရပါမယ်”လို့ ပြောပါတယ်။
(Zawgyi)
မေလးရွားသြားမယ့္ ထိုင္းေရာက္ျမန္မာ ၃၀ေက်ာ္လမ္းခုလပ္မွာ ဖမ္းခံရ
မေလးရွားကိုသြားေရာက္ အလုပ္လုပ္မယ့္ ေမာ္လၿမိဳင္၊ထားဝယ္နဲ႔ ဧရာဝတီတိုင္းေဒသႀကီးတို႔မွာ ေနထိုင္တဲ့ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သား ၃၀ေက်ာ္ဟာ ထိုင္းႏိုင္ငံ ရေနာင္းခ႐ိုင္ ပတ္နမ္းေဒသမွာ အစုလိုက္ ေနထိုင္အနားယူေနတုန္း ဖမ္းခံလိုက္ရတယ္လို႔ ထိုင္းႏိုင္ငံအေျခစိုက္ေ႐ြ႕ေျပာင္းလုပ္သားမ်ားဆိုင္ရာကြန္ရက္ တာဝန္ရွိသူကေျပာျပပါတယ္။
ဒီဇင္ဘာလ ၁၉ ရက္က ဖမ္းခံလိုက္ရတာျဖစ္ၿပီး ဖမ္းခံလိုက္ရတဲ့ ျမန္မာအေရအတြက္က ၃၄ ေယာက္ ရွိတယ္လို႔ သူကေျပာပါတယ္။
ဖမ္းခံလိုက္ရတဲ့သူေတြဟာ ေကာ့ေသာင္းမွာ တစ္ညအိပ္ခဲ့ၿပီး ေကာ့ေသာင္းကေနတစ္ဆင့္ စက္ေလွနဲ႔ ထိုင္းႏိုင္ငံကို ျဖတ္ကူးၿပီး မေလးရွားႏိုင္ငံကို သြားေရာက္ဖို႔ အစီအစဥ္ဆြဲထားၾကသူေတြျဖစ္ၾကပါတယ္။
ဖမ္းခံလိုက္ရသူေတြထဲ အမ်ိဳးသမီး ၃ ဦးပါၿပီး လက္ရွိမွာ ပတ္နမ္းရဲစခန္းမွာ ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။
ေ႐ႊ႕ေျပာင္းလုပ္သားအေရးလႈပ္ရွားေနသူတစ္ဦးက “မလာပါနဲ႔လို႔ မေျပာပါဘူး။လာပါ။တရားဝင္လမ္းေၾကာင္းကေန လာပါ။သြားပါ။တရားမဝင္လမ္းေၾကာင္းကေန လာၿပီး ဖမ္းခံထိရင္ ေငြလည္းဆုံးရႈံးမယ္။အဖမ္းလည္းခံရပါမယ္”လို႔ ေျပာပါတယ္။