မလေးရှားနိုင်ငံဘုရင်မှ ဖွင့်လှစ်သည့် Royal Tiger Reserve နှင့် Tengku Hassanal Wildlife Reserve ဖွင့်ပွဲသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံ၊ ပါဟန်ပြည်နယ်၊ Temerloh မြို့ရှိ Institute of Biodiversity, Department of Wildlife Protection တွင် ဘုရင် Seri Paduka Baginda The Yang Di-Pertuan Agong မှ ဖွင့်လှစ်သည့် Al-Sultan Abdullah Royal Tiger Reserve နှင့် Tengku Hassanal Wildlife Reserve ဖွင့်ပွဲ အခမ်းအနားအား ဇူလိုင်လ (၂၉) ရက်က ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးကိုကိုသည် အခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။