မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် မြန်မာအမျိုးသား တ စဦး ကွန်ဒိုတိုက်ခန်း (၁၁) လွှာမှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသ င်း (မလေးရှား)မှ သိရသည်။
ကွာလာလမ်ပူမြို့၊ ဟာတာမတ်စ်မြို့နယ်တွင် နေထိုင်သူ အ သက် (၂၅)နှစ်အရွယ် မြန်မာအမျိုးသား စောကျော်သက်ဦးမှာ ဧပြီ (၂၆)ရက်က ကွန်ဒိုတိုက်ခန်း (၁၁)လွှာမှ ခုန်ချကာအဆုံးစီရင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမျိုးသားမှာ မြန်မာနိုင်ငံ ၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အထက်ကော့ရင်း ရွာကလေးကျေးရွာတွင် နေ ထိုင်သူဖြစ်သည်။
၎င်း၏ ကျန်ရစ်သော ခန္ဓာကိုယ်ကို ဆလန်းကောပြည်နယ်၊ MPSJ ပူခွန်းမြို့ (၁၄)မိုင် သုဿာန်၌ မေလ (၅)ရက်၊ နံနက် (၁၀)နာရီတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။