မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင် ဆင်နေသည့် မြန်မာနိုင်ငံသား ၄၇ ဦးဖမ်းဆီးခံရ
ထိုင်း-မလေးရှားနယ်စပ်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင်ဆက်နေသည့် မြန် မာနိုင်ငံသား ၄၇ ဦးအား ဇွန် ၁၈ ရက်ညပိုင်းက မလေးရှားနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ထိုင်း-မလေးရှားနယ်စပ်ရှိ ရောဘာခြံတစ်ခုအတွင်း၌ ပုန်းအောင်းနေကာ ပွဲစားလာခေါ်မည့်အ ချိန်အား စောင့်ဆိုင်းနေစဥ် မလေးရှားနိုင်ငံတပ်မ တော်မှ သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“အခုဖမ်းမိသွားတာက မလေးရှားဘက်ကတာဝန် ရှိသူတွေကဖမ်းမိတာဆိုတော့ ကျွန်တော်တို့ဘက်က ကူညီပေးလို့မရဘူး ဒါပေမယ့် မလေးရှားနိုင်ငံဘက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေကိုကူညီပေးနေတဲ့လူတွေနဲ့တော့ချိတ်ဆက်ပြီး ကူညီဖို့လုပ်နေပါတယ်”ဟု ထိုင်းနိုင်ငံရောက်မြန်မာအ လုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများမှာ အမျိုး သား ၄၀ ဦးနှင့်အမျိုးသမီး ၇ ဦးတို့ဖြစ်ကာ Bukit Kayu Hitam ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး မလေးရှားနိုင်ငံဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။