Sunday, July 13, 2025

မန္တလေး၌ ဆိုင်ကယ်ခိုးယူမှု၊လုယူမှုဖြစ်စဉ်များ မကြာခဏကြုံလာရဟုဆို

ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမန္တလေးတွင်ဆိုင်ကယ်ခိုးယူမှု၊လုယူမှု ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ငလျင်ကြီးကြောင့်အဆောက်အဦများ ပြိုပျက်မှုနှင့်အတူ နေအိမ်ခြံဝင်းများတွင် ကာရန်ထားသည့် အုတ်တံတိုင်း အကာအရံများလည်း ပျက်စီးမှုများရှိခဲ့သည်။ ထို့ကြောင့်အများစုသည်လက်ရှိတွင်ဝါးကပ်များ၊ဇကာအစိမ်းများ သုံးစွဲ၍...

မြစ်ရေများ စိုးရိမ်ရေမှတ်နားရောက်ရှိနေ

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေများသည် စိုးရိမ်ရေမှတ်နား ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မကြာခဏ ထုတ်ပြန်နေသည်။ ထိုနည်းတူလူမှုအဖွဲ့အစည်းများကလည်း ရေဘေးအတွက်ကြိုတင်ပြင်ဆင်နေပြီး ရေဘေးကြုံတွေ့ရပါက ဘေးကင်းခိူလှူံရာနေရာများကြိုတင်ပြင်ဆင်နိုင်ရန်လည်း...

တောင်ငူမြို့ စစ်‌တောင်းမြစ်ရေတက်လာပါက ဘေးကင်းခိုလှုံရာနေရာများ ကြိုတင်ပြင်ဆင်ထား

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ မှ ၆၅၀ အတွင်းရောက်ရှိပါကဘေးကင်းခိုလှုံရာနေရာများကို ဦးစားပေးအဆင့် ၁ အနေဖြင့် ကြိုတင်သတ်မှတ်ပြင်ဆင်ထားနေကြသည်။ ထိုသို့ ပြင်ဆင်မှုများပြုလုပ်ရာ၌ရပ်ကွက်အလိုက် ပြောင်းရွှေ့ရမည့်...

MAEX မှကလောတွင် Whole Sale...

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တညင်းကုန်းလက်ကားဈေးကြီးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Whole Sale Market တစ်ခုကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)မှ သိရသည်။ အဆိုပါ Whole...
HomeNewsLocal Newsမလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင် ဆင်နေသည့်...

မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင် ဆင်နေသည့် မြန်မာနိုင်ငံသား ၄၇ ဦးဖမ်းဆီးခံရ

မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင် ဆင်နေသည့် မြန်မာနိုင်ငံသား ၄၇ ဦးဖမ်းဆီးခံရ

ထိုင်း-မလေးရှားနယ်စပ်တွင် မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန်ပြင်ဆက်နေသည့် မြန် မာနိုင်ငံသား ၄၇ ဦးအား ဇွန် ၁၈ ရက်ညပိုင်းက မလေးရှားနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ထိုင်း-မလေးရှားနယ်စပ်ရှိ ရောဘာခြံတစ်ခုအတွင်း၌ ပုန်းအောင်းနေကာ ပွဲစားလာခေါ်မည့်အ ချိန်အား စောင့်ဆိုင်းနေစဥ် မလေးရှားနိုင်ငံတပ်မ တော်မှ သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အခုဖမ်းမိသွားတာက မလေးရှားဘက်ကတာဝန် ရှိသူတွေကဖမ်းမိတာဆိုတော့ ကျွန်တော်တို့ဘက်က ကူညီပေးလို့မရဘူး ဒါပေမယ့် မလေးရှားနိုင်ငံဘက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေကိုကူညီပေးနေတဲ့လူတွေနဲ့တော့ချိတ်ဆက်ပြီး ကူညီဖို့လုပ်နေပါတယ်”ဟု ထိုင်းနိုင်ငံရောက်မြန်မာအ လုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများမှာ အမျိုး သား ၄၀ ဦးနှင့်အမျိုးသမီး ၇ ဦးတို့ဖြစ်ကာ Bukit Kayu Hitam ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး မလေးရှားနိုင်ငံဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး၌ ဆိုင်ကယ်ခိုးယူမှု၊လုယူမှုဖြစ်စဉ်များ မကြာခဏကြုံလာရဟုဆို

ငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမန္တလေးတွင်ဆိုင်ကယ်ခိုးယူမှု၊လုယူမှု ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ငလျင်ကြီးကြောင့်အဆောက်အဦများ ပြိုပျက်မှုနှင့်အတူ နေအိမ်ခြံဝင်းများတွင် ကာရန်ထားသည့် အုတ်တံတိုင်း အကာအရံများလည်း ပျက်စီးမှုများရှိခဲ့သည်။ ထို့ကြောင့်အများစုသည်လက်ရှိတွင်ဝါးကပ်များ၊ဇကာအစိမ်းများ သုံးစွဲ၍ ယာယီအဖြစ် ကာရန်ထားသော်လည်း ညအချိန်တွင်အလွယ်တကူ ဝင်ခိုးလာကြခြင်းဖြစ်သည်။ “ညဘက်တွေ လူစုဖွဲ့ပြီး ဝင်ယူတာဝင်ခိုးတာတွေရှိနေတယ်၊ စိန်ပန်းဘက်မှာ ရက်ပဲခြားတယ်၊ သုံးစီးပါသွားတယ်” ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးကပြော သည်။ ထိုနည်းတူ နေ့ခင်းဘက်များတွင်ပါ ဆိုင်ကယ်များကိုလုယူခြင်းများလည်း ပိုမိုဖြစ်ပွားလာ‌ကြောင်းသိရသည်။ “ကျွန်မတို့ ကောလိပ်ကကောင်မလေးနေ့ခင်းဘက်မုန့်ထွက်ဝယ်တာ၊ သူ့ဆိုင်ကယ်နဲ့ ဘေးချင်းယှဉ်မောင်းပြီး ဆိုင်ကယ်ကိုကန်ပြီးလဲတော့ သူ့ကိုဖယ်ပြီး လုသွားတာ၊ ကောင်မလေး လက်ကျိုးသွားတယ်” ဟု...

မြစ်ရေများ စိုးရိမ်ရေမှတ်နားရောက်ရှိနေ

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေများသည် စိုးရိမ်ရေမှတ်နား ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မကြာခဏ ထုတ်ပြန်နေသည်။ ထိုနည်းတူလူမှုအဖွဲ့အစည်းများကလည်း ရေဘေးအတွက်ကြိုတင်ပြင်ဆင်နေပြီး ရေဘေးကြုံတွေ့ရပါက ဘေးကင်းခိူလှူံရာနေရာများကြိုတင်ပြင်ဆင်နိုင်ရန်လည်း ဆောင်ရွက်နေသည်။ လတ်တလောတွင် ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေမှတ်အောက်၌ ရှိနေ‌သေးသော်လည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။ စစ်တောင်းမြစ်ရေသည်လည်း တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အောက်ရှိနေသေးသော်လည်း တောင်ငူမြို့ အနောက်ဆင်ရွာ ရေတက်လာသည့် အတွက် ဒေသတွင်းပရဟိတပူးပေါင်းအဖွဲ့များက လိုအပ်သည့် သက်ကယ်လှေများနှင့်အတူ အဆိုပါ ရွာသို့ရောက်ရှိကာ အသင့်ပြင်ဆင်ထားလျက်ရှိသည်ဟုဆိုသည်။ သို့သော် စစ်တောင်းမြစ်ရေသည်မဒေါက်မြို့တွင်မူ စိုးရိမ်ရေမှတ်၏ အထက်ကို ကျော်လွန်ရောက်ရှိလာနေသည်။ ထိုနည်းတူ ချင်းတွင်းမြစ်ရေသည်လည်း...

တောင်ငူမြို့ စစ်‌တောင်းမြစ်ရေတက်လာပါက ဘေးကင်းခိုလှုံရာနေရာများ ကြိုတင်ပြင်ဆင်ထား

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ မှ ၆၅၀ အတွင်းရောက်ရှိပါကဘေးကင်းခိုလှုံရာနေရာများကို ဦးစားပေးအဆင့် ၁ အနေဖြင့် ကြိုတင်သတ်မှတ်ပြင်ဆင်ထားနေကြသည်။ ထိုသို့ ပြင်ဆင်မှုများပြုလုပ်ရာ၌ရပ်ကွက်အလိုက် ပြောင်းရွှေ့ရမည့် ကယ်ဆယ်ရေးစခန်း ၂၄ ခုပြင်ဆင်ထားကာ စခန်းအလိုက်လူဦးရေ ၅၀၀မှ၂၀၀၀ နီးပါးခိုလှုံနိုင်မည့် စခန်းများပါဝင်သည်။ ထို့အပြင် စခန်းအလိုက် ကူညီဆောင် ရွက်ပေးရမည့် ပရဟိအဖွဲ့အစည်းများကိုလည်း စခန်းများအလိုက် သတ်မှတ်ထားပြီး အင်အားအနည်းဆုံး ၁၀ ဦးမှ ၃၀ ဦးအထိ သတ်မှတ်ထားကြောင်း သိရသည်။ ယနေ့ နံနက် ၆နာရီအချိန်၌ တောင်ငူမြို့ အနောက်ဆင်ရွာ ရေတက်လာသည့် အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071