(Unicode)
မလေးရှားထိန်းသိမ်းရေးစခန်းရောက်မြန်မာများကို သံအမတ်ကြီးသွားရောက်တွေ့ဆုံ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Bukit Jalil ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများအား မြန်မာသံရုံး ကွာလာလမ်ပူမြို့ မှ သံအမတ် ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများ ယနေ့ဒီဇင်ဘာ၁၃ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည် ။
ကွာလာလမ်ပူမြို့ရှိ Bukit Jalil ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မလေးရှားအာဏာပိုင်များ၏ခွင့်ပြုချက်အရ တွေ့ဆုံစစ်ဆေးခြင်းနှင့် အားပေးစကားများပြောကြားခဲ့ခြင်းဖြစ်သည်။
အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရေးအတွက် သံရုံးမှ သက်ဆိုင်ရာ ဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု မြန်မာသံရုံး ကွာလာလမ်ပူမြို့ကပြောဆိုသည်။
(Zawgyi)