Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeNewsLocal Newsမရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို...

မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို ထိရောက်စွာကာကွယ်ဟန့်တားရမည်

မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကို ထိရောက်စွာကာကွယ်ဟန့်တားရမည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ တော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်ကကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ ဗီဒီယိုမိန့်ခွန်းပေးပို့ပြီးပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် ရှေးအစဉ်အဆက်မှစကာ ယနေ့အချိန်အထိ နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိ၍ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများကိုထိန်း သိမ်းစောင့်ရှောက်မြှင့်တင်ရန်၊ ပြည်သူတစ်ရပ်လုံးကို တိုင်းရင်းဆေးနှင့် ကျန်းမာရေးပိုမိုစောင့်ရှောက်မှုပေးနိုင်ရန်၊ မြန်မာ့တိုင်းရင်းဆေးများ အဆင့်အတန်းမြင့်စေရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုဖွင့်လှစ်ပြီး မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိသည်ဟု ပြောသည်။ ” အခုဆိုရင် တိုင်းရင်းဆေးပညာရပ်တွေ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ ပိုမိုမွေးထုတ်ပေးနိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစပြီး တိုင်းရင်းဆေးပညာပါရဂူဘွဲ့ (ပထမအကြိမ်)သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။ ထို့ကြောင့် အများပြည်သူများနေ့စဉ်သုံးစွဲနေသည့် တိုင်းရင်းဆေးဝါးများ ဘေးကင်းလုံခြုံစိတ်ချရပြီး အ ရည်အသွေးနှင့် အာနိသင်ပြည့်ဝသောဆေးဝါးများဖြစ်ရန်လို၍ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်သည်အရေးကြီးသဖြင့် ဓာတ်ခွဲခန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးရန်လိုကာ မရိုးသားသောနည်းနှင့် တိုင်းရင်းဆေး၏ ဂုဏ်ဒြပ်ကိုထိခိုက်အောင်ပြုလုပ်နေမှုများကိုလည်း ထိရောက်စွာကာကွယ်ဟန့်တားရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။ ” မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကို အိမ်တွင်းစက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်မီကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနဲ့ အရည်အသွေးမြင့်ထုပ်ပိုးခြင်းတွေဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးကိုမြှင့်တင်နိုင်ပြီး ပြည် သူလူထုရဲ့ လူမှုစီးပွားဘဝတိုးတက်လာနိုင်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်၍ အဖွဲ့ဝင်နိုင်ငံများကြားတွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေသကဲ့သို့ တိုင်းရင်းဆေးကဏ္ဍများတွင်လည်း အား တက်သရောပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း၏ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာများကဏ္ဍတွင် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရန်၊ နည်းပညာလိုအပ်ချက်များ၊ လမ်းညွှန်ချက်များ တစ်သ မတ်တည်းဖြစ်စေရန်နှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071