အောက်တိုဘာ ၉ ရက်က ဘန်ကောက်သို့ရောက်ရှိလာသော ကမ္ဘာကျော် အမေရိကန်အဆိုတော် မရိုင်ကယ်ရီကို ဒွန်မောင်းလေဆိပ်တွင် ပွဲစီစဉ်သူများနှင့် ပရိသတ်များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ Mariah Carey Live – Mimi World Tour ၏ပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ တွင် မောင်ထောင်းထနီ IMPACT Challenger Hall, Muang Thong Thani တွင် ကျင်းပမည်ဖြစ်သည်။ မရိုင်ကယ်ရီ၏ ဆယ်စုနှစ်အကြာထိုင်းနိုင်ငံသို့ပြန်လည်လာရောက် ဖျော်ဖြေရေးခရီးစဉ်လည်းဖြစ်သည် ။ သူမသည် အဆိုတော်ရုံသာမက တေးရေးနှင့်သရုပ်ဆောင်ရာတွင်လည်းအားပေးခံရသူဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ ၁၅ သန်းကျော် ရောင်းချခဲ့ရသည့် သူမ၏ ဂန္တဝင်အယ်လ်ဘမ် The Emancipation of Mimi ၏ နှစ် ၂၀ပြည့် အမှတ်တရ ဂုဏ်ပြုပွဲလည်းဖြစ်သည်။ Ref:khaosod
