Friday, January 17, 2025

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင်...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ...

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...
HomeInternationalမရိန်းတပ်သား ၂၀ ကျော်...

မရိန်းတပ်သား ၂၀ ကျော် တင်ဆောင်လာသည့် အမေရိကန် စစ်ရဟတ်ယာဉ် ပျက်ကျသဖြင့် ၃ ဦး သေဆုံးကာ အခြားသူများ ဒဏ်ရာရရှိ

ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေတွင် လေ့ကျင့်မှုတစ်ခုအတွင်း အမေရိကန် မရိန်းတပ်သား ၂၀ ကျော် တင်ဆောင်လာသည့် စစ်ရဟတ်ယာဉ်တစ်စီး တနင်္ဂနွေနေ့ နံနက်ပိုင်းက ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ စစ်သည် ၃ ဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

MV-22B Osprey အမျိုးအစား ရဟတ်ယာဉ်သည် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဩစတြေးလျနိုင်ငံ ဒါဝင်မြို့ ကမ်းလွန်တွင် ပျက်ကျခဲ့သဖြင့် မရိန်းတပ်သား သုံးဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တီမောလက်စ်တီတို့ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

သြစတြေးလျကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါဖြစ်ရပ်ကို Fox News Digital သို့ အတည်ပြုခဲ့ပြီး လေယာဉ်ပျက်ကျမှုတွင် သြစတြေးလျနိုင်ငံသားများ ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“လေ့ကျင့်မှု Predator’s Run 2023 တွင် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စစ်ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ရပ်ကို ကာကွယ်ရေးဌာနက အတည်ပြုသည်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ “ကနဦး အစီရင်ခံစာတွေအရတော့ ဒီပျက်ကျမှုမှာ သြစတြေးလျ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ မပါဝင်ဘူးလို့ သိရပါတယ်”ဟုလည်း သြစတြေးလျကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင်...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဟုဆို

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည်နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071