ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းဓမ္မလမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၁ နာရီအချိန်တွင် ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရသိရသည်။
မီးလောင်ရာနေရာသို့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး၊ ၁၂နာရီဝန်းကျင်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် ကားအမျိုးအစားသည် အန်စာတုံးယာဉ်အမျိုးအစားဖြစ်ကြောင်းသိရသည်။



