ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ယနေ့ နို၀င်ဘာ ၂၀ ရက် ညနေပိုင်းက ခြင်းလုံးခတ်ကစားနေစဉ် လဲကျရာမှ အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း “ရွှေရောင်သမိုင်း”အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ထံမှ သိရသည်။
ယနေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မရမ်းစုလမ်းအတွင်း ဝိုင်းဖွဲ့ခြင်းခတ်နေစဉ် အမျိုးသားတစ်ဦး ရုတ်တရ သတိမေ့လဲကျသွားခဲ့သည့်အတွက် အဆိုပါအမျိုးသားအား အနီးအနားရှိသူများက နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပြသရန် ကုန်တင်ဆိုက်က္ကား (ဂါလီ အနှေးယာဉ်)ဖြင့် တင်ဆောင်လာစဉ် ကျိုက်ဝိုင်းဘုရားလမ်းမပေါ်တွင် ရုံးလုပ်ငန်းကိစ္စဖြင့် သွားလာသည့် “ရွှေရောင်သမိုင်း”အသင်း လူနာတင်ယာဉ်အား တွေ့ရှိသဖြင့် အကူအညီတောင်းခဲ့သည်ဟု သိရသည်။
“ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း လူနာတင်ယာဉ်ဖြင့် အသင်းဝင်များက အဆိုပါအမျိုးသားလူနာအား အင်းစိန်ဆေးရုံအခမဲ့ပို့ဆောင်ကူညီခဲ့ကြသော်လည်း လူနာမှာ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
