ဘေဘီမောင်က လတ်တလောမှာ ခန့်စည်သူ၊ နန်းဆုဦး၊ ဟာသ သရုပ် ဆောင်များစွာနဲ့အတူ ‘မိန်းမယူရန် ရက်ကိုးဆယ်အလို’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ အရင်ကတော့ ဘေဘီမောင်ကို ခပ်ဟော့ဟော့ ဒီဇိုင်းတွေ နဲ့သာမြင်တွေ့နေကျဖြစ်ပြီး အခုချိန်မှာတော့ဇာတ်ကားတွေ၊ ဓာတ်ပုံရိုက်ကူးမှု တွေမှာ မြန်မာဝတ်စုံလေးတွေပဲ ဝတ်ဆင်လာပါတယ်။ တစ်ချိန်က ဝတ်စား ဆင်ယင်မှုနဲ့ပက်သက်လို့ အတွေးမှားခဲ့တာတွေရှိခဲ့တယ်ဆိုတဲ့ ဘေဘီမောင်က-
”အရင်တုန်းကတော့ ဘေဘီက အသက်အရွယ်အရရော၊ စိတ်ကလည်း မရင့်ကျက်သေးတော့ ခေတ်နဲ့အညီနေတယ်။ မော်ဒယ်အလုပ်လည်း လုပ်နေတော့ မြန်မာဝတ်စုံတွေ မဝတ်ဖြစ်ဘူး။ အခုတော့ စိတ်ရဲ့ရင့်ကျက်မှု လည်းပါတယ်။ သရုပ်ဆောင်လည်း လုပ်နေတယ်။ ဘေဘီက မြန်မာမင်းသမီးဆို တော့ မြန်မာဝတ်စုံတွေဝတ်တယ်။ အသက်အရွယ်အရလည်း ဆိုင်တာပေါ့။ မရင့်ကျက်ခင်ကဆိုရင် အဝတ်အစားဝတ်တာကအစ ခပ်ဟော့ဟော့ ဝတ်ဖြစ်ခဲ့ တယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဝတ်ဝတ်တင့်တယ်တယ်လို့ ထင်ခဲ့တယ်။ ဖက်ရှင် ပိုင်းကိုလည်း အပြိုင်အဆိုင်နဲ့ ရင်ဘတ်တွေဖော်ပြီး ဝတ်တာမျိုးတွေရှိခဲ့တယ်။ အတွေးအမှားလေးတွေလည်း ပါကောင်းပါမှာပေါ့။ အခုတော့ နောင်တလည်း ရသလို မလုပ်သင့်တာလေးတွေ လုပ်ခဲ့တယ်လို့လည်းထင်တယ်” လို့ ပြောပြပါ တယ်။
လက်ရှိမှာ အသက် ၂၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘေဘီမောင်ရဲ့Future Plan က “ဘေဘီရဲ့အသက်က အခုဆိုရင် ၂၆ နှစ်ကိုရောက်လာပြီ။ ညီမက အခုတော့ ကိုယ့်ကိုယ်ကိုယ် အသက်အရွယ်တစ်ခုရလာတဲ့ မိန်းကလေး တစ်ယောက်လို့ သတ်မှတ်လိုက်ပါတယ်။ အနုပညာသမားတစ်ယောက်ရဲ့ ဘဝ အပြင် စီးပွားရေးအလုပ်လည်းလုပ်နေပြီ။ အသက် ၃ဝ ရောက်ရင်ကိုယ်ရဲ့ အောင်မြင်မှုပန်းတိုင်တစ်ခုကို ဆိုက်နိုင်ရ မယ်လို့ ဆုံးဖြတ်ထားတယ်။ သရုပ်ဆောင် ပိုင်းမှာလည်း နာမည်လေးတစ်ခုရ အောင် ကြိုးစားမယ်။ စီးပွားရေး လုပ်ငန်းမှာလည်း အတိုင်းအတာ တစ်ခုအောင်မြင်ရမယ်။ ရပ်တည်မှု လေးတစ်ခုနဲ့ နေချင်တယ်ပေါ့” လို့ ဘေဘီမောင်က ပြောပြပါတယ်။
မြတ်မိုးပွင့်