Friday, November 7, 2025

ပြည်သူများအတွင်း ကာကွယ်ဆေးထိုးဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်တက်လာစေရန်...

အခြေခံကျန်းမာရေး ဝန်ထမ်းများက လက်တွေ့အသုံးချနိုင်မှု အခြေအနေများနှင့် ကွင်းဆင်းဆန်းစစ်ရာမှ တွေ့ရှိချက်များအပေါ်မူတည်၍ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များအတွက် မဟာဗျူဟာများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခုရေးဆွဲသော မဟာဗျူဟာသည်...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် မိုင်းထောင်ဖျ-က်ဆီးခံရသဖြင့် ရထားခရီးစဥ်ယာယီဖျ-က်သိမ်း

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား မိုင်တိုင် ၁၂၅/ ၁၈- ၁၉ကြားတွင် ယနေ့ (နိုဝင်ဘာ ၇) ရက်က ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက...

ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူး

အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာ့ဗိုဗီနမ်အားကစားမယ်နှစ်ဦး ရွှေတံဆိပ်(၂)ဆုဆွတ်ခူးခဲ့ကြောင်းမြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ သိရသည်။ မြန်မာ့‌ဗိုဗီနမ်အားကစားမယ် မမေဟန်နီအောင်လွင်က တစ်ကိုယ်တော် (ဓားမြှောင်နှစ်လက်) အပြပွဲစဉ်မှာ ရွှေတံဆိပ်ဆု၊...

ရန်ကုန်နိုင်ငံတကာ ကုန်စည်ပြပွဲကို YCC တွင်...

ရန်ကုန်နိုင်ငံတကာ ကုန်စည်ပြပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ YCC တွင် ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsမယ်လဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို ဆန္ဒပြမှုဖြစ်စဥ်တွင် ကား၊ဆိုင်ကယ်နဲ့အဆောက်အအုံပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့

မယ်လဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို ဆန္ဒပြမှုဖြစ်စဥ်တွင် ကား၊ဆိုင်ကယ်နဲ့အဆောက်အအုံပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့

(Unicode)

မယ်လဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို ဆန္ဒပြမှုဖြစ်စဥ်တွင် ကား၊ဆိုင်ကယ်နဲ့အဆောက်အအုံပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့

ထိုင်းနိုင်ငံ၊ထိုင်း-မြန်မာနယ်စပ်၊တာ့ခ်ခရိုင်၊ထာ့ဆောင်ယန်းမြို့နယ်မှာရှိပြီး မြန်မာဒုက္ခသည် လေးသောင်းကျော်လောက်နေတဲ့ မယ်လဒုက္ခ သည်စခန်းမှာ ယမန်နေ့ည ၅ နာရီလောက်က စ ခန်းတာဝန်ရှိသူတွေကို ဆန္ဒပြတဲ့ဖြစ်စဥ်မှာ တာ ဝန်ရှိသူတွေနဲ့ဆန္ဒပြသူတွေကြားမှာ နှစ်ဖက်အ ပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပါတယ်။

မယ်လဒုက္ခသည်စခန်းက ထိုင်းလူမျိုးစခန်းတာဝန်ရှိသူက နှာခေါင်းစည်း(Mask)မတပ်ပဲဆိုင်ကယ်မောင်းလာသူနှစ်ယောက်ကို ဆိုင်ကယ်ပေါ်ကနေဆွဲချဖမ်းဆီးပြီး ဆိုင်ကယ်ကိုသိမ်းဆည်းခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေတဲ့သူတွေက မကျေနပ်တာကြောင့် တာဝန်ရှိသူရဲ့ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“နှာခေါင်းစည်းမတပ်လို့ ဆိုင်ကယ်ဖမ်းတာကိုလက်ခံတယ် ဆွဲချပြီးဖမ်းစရာမလိုဘူး ပြေရာပြေ ကြောင်းပြောလို့ရတယ် အခုမောင်းနေတာကို ဆွဲ ချလိုက်တော့နှစ်ယောက်လုံးဒဏ်ရာတွေရနေတာပေါ့ အဲဒါကိုမကျေနပ်လို့ဆန္ဒပြတယ် ထပ်ပြီးတော့သူတို့ဖက်က အကြမ်းဖက်ပြီးလူစုခွဲတယ်” လို့ ဆန္ဒပြဖြစ်စဥ်မှာပါဝင်ခဲ့တဲ့ မယ်လဒုက္ခသည်စခန်းနေ မြန်မာလူမျိုးတစ်ယောက်က ပြောပါတယ်။

ဆန္ဒပြမှုဖြစ်စဥ်ဟာ ည ၇ နာရီခွဲလောက်အထိဖြစ် ပွားခဲ့ပြီး စခန်းတာဝန်ရှိသူတွေက ဆန္ဒပြသူတွေကိုထိန်းသိမ်းတဲ့အနေနဲ့ သေနတ်ပစ်ဖောက်တာနဲ့ ရိုက်နှက်တားဆီးပြီး ဆန္ဒပြနေတဲ့လူတွေကိုခွဲဖို့လုပ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဖက်ကလည်း လုံခြုံရေးဂိတ်တွေကိုဖြိုဖျက်တာတွေ စခန်းကကားတွေကိုရိုက်နှက်ဖျက်ဆီးတာတွေ အဆောက်အအုံတွေကိုဖျက်ဆီးတာတွေ လုပ်ခဲ့ကြတာကြောင့် ကား ၁၀ စီးကျော်၊ဆိုင်ကယ်အစီး ၂၀ ကျော်၊ရုံးအဆောက်အဦးတွေနဲ့စခန်းလုံခြုံရေးအဆောက်အဦးတွေပျက်စီးခဲ့ပါတယ်။

ဆန္ဒပြတဲ့လူဦးရေဟာ လူဦးရေများစွာပါဝင်ခဲ့သလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ဖြစ်စဥ်ကို ထိုင်းနိုင်ငံ စစ်တပ်က စခန်းအပြင်ကနေ အခြေအနေကိုထိန်းသိမ်းပေးထားပါတယ်။

လက်ရှိမှာတော့ အခြေအနေကငြိမ်သက်နေတယ်လို့ ဒုက္ခသည်စခန်းမှာနေတဲ့ မြန်မာလူမျိုးတွေဆီက သိရပါတယ်။

(Zawgyi)

မယ္လဒုကၡသည္စခန္းတာဝန္ရွိသူေတြကို ဆႏၵျပမႈျဖစ္စဥ္တြင္ ကား၊ဆိုင္ကယ္နဲ႔အေဆာက္အအုံပ်က္စီးဆုံးရႈံးမႈေတြမ်ားျပားခဲ့

ထိုင္းႏိုင္ငံ၊ထိုင္း-ျမန္မာနယ္စပ္၊တာ့ခ္ခ႐ိုင္၊ထာ့ေဆာင္ယန္းၿမိဳ႕နယ္မွာရွိၿပီး ျမန္မာဒုကၡသည္ ေလးေသာင္းေက်ာ္ေလာက္ေနတဲ့ မယ္လဒုကၡ သည္စခန္းမွာ ယမန္ေန႔ည ၅ နာရီေလာက္က စ ခန္းတာဝန္ရွိသူေတြကို ဆႏၵျပတဲ့ျဖစ္စဥ္မွာ တာ ဝန္ရွိသူေတြနဲ႔ဆႏၵျပသူေတြၾကားမွာ ႏွစ္ဖက္အ ျပန္အလွန္တိုက္ခိုက္မႈေတြျဖစ္ေပၚခဲ့တာေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြမ်ားျပားခဲ့ပါတယ္။

မယ္လဒုကၡသည္စခန္းက ထိုင္းလူမ်ိဳးစခန္းတာဝန္ရွိသူက ႏွာေခါင္းစည္း(Mask)မတပ္ပဲဆိုင္ကယ္ေမာင္းလာသူႏွစ္ေယာက္ကို ဆိုင္ကယ္ေပၚကေနဆြဲခ်ဖမ္းဆီးၿပီး ဆိုင္ကယ္ကိုသိမ္းဆည္းခဲ့တာေၾကာင့္ ဒုကၡသည္စခန္းမွာေနတဲ့သူေတြက မေက်နပ္တာေၾကာင့္ တာဝန္ရွိသူရဲ႕႐ုံးေရွ႕မွာ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

“ႏွာေခါင္းစည္းမတပ္လို႔ ဆိုင္ကယ္ဖမ္းတာကိုလက္ခံတယ္ ဆြဲခ်ၿပီးဖမ္းစရာမလိုဘူး ေျပရာေျပ ေၾကာင္းေျပာလို႔ရတယ္ အခုေမာင္းေနတာကို ဆြဲ ခ်လိုက္ေတာ့ႏွစ္ေယာက္လုံးဒဏ္ရာေတြရေနတာေပါ့ အဲဒါကိုမေက်နပ္လို႔ဆႏၵျပတယ္ ထပ္ၿပီးေတာ့သူတို႔ဖက္က အၾကမ္းဖက္ၿပီးလူစုခြဲတယ္” လို႔ ဆႏၵျပျဖစ္စဥ္မွာပါဝင္ခဲ့တဲ့ မယ္လဒုကၡသည္စခန္းေန ျမန္မာလူမ်ိဳးတစ္ေယာက္က ေျပာပါတယ္။

ဆႏၵျပမႈျဖစ္စဥ္ဟာ ည ၇ နာရီခြဲေလာက္အထိျဖစ္ ပြားခဲ့ၿပီး စခန္းတာဝန္ရွိသူေတြက ဆႏၵျပသူေတြကိုထိန္းသိမ္းတဲ့အေနနဲ႔ ေသနတ္ပစ္ေဖာက္တာနဲ႔ ႐ိုက္ႏွက္တားဆီးၿပီး ဆႏၵျပေနတဲ့လူေတြကိုခြဲဖို႔လုပ္ခဲ့ၾကပါတယ္။

ဆႏၵျပသူေတြဖက္ကလည္း လုံၿခဳံေရးဂိတ္ေတြကိုၿဖိဳဖ်က္တာေတြ စခန္းကကားေတြကို႐ိုက္ႏွက္ဖ်က္ဆီးတာေတြ အေဆာက္အအုံေတြကိုဖ်က္ဆီးတာေတြ လုပ္ခဲ့ၾကတာေၾကာင့္ ကား ၁၀ စီးေက်ာ္၊ဆိုင္ကယ္အစီး ၂၀ ေက်ာ္၊႐ုံးအေဆာက္အဦးေတြနဲ႔စခန္းလုံၿခဳံေရးအေဆာက္အဦးေတြပ်က္စီးခဲ့ပါတယ္။

ဆႏၵျပတဲ့လူဦးေရဟာ လူဦးေရမ်ားစြာပါဝင္ခဲ့သလို ထိခိုက္ဒဏ္ရာရတဲ့သူေတြလည္းရွိတယ္လို႔ သိရပါတယ္။ျဖစ္စဥ္ကို ထိုင္းႏိုင္ငံ စစ္တပ္က စခန္းအျပင္ကေန အေျခအေနကိုထိန္းသိမ္းေပးထားပါတယ္။

လက္ရွိမွာေတာ့ အေျခအေနကၿငိမ္သက္ေနတယ္လို႔ ဒုကၡသည္စခန္းမွာေနတဲ့ ျမန္မာလူမ်ိဳးေတြဆီက သိရပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071