မန္တလေးမြို့မ အပျော်တမ်းတူရိယာအသင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မြို့မအမှတ်တရတေးသီချင်းများ ကို အခမဲ့ဖြန့်ဝေမည်သွားမည်ဟု မန္တလေးမြိုမအပျော်တမ်းတူရိယာအသင်းထံမှ သိရသည်။
ထိုကဲ့သို့ နှစ် ၁၀၀ ပြည့်အမှတ်တရ တေးသီချင်းများကို နိုဝင်ဘာလလယ်၌ ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် နှစ် ၁၀၀ ပြည့်အဖြစ် အကြိုအထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ နိုင်ငံကျော်အနုပညာရှင်များနှင့် မြို့မတူရိယာပင်တိုင်အဆိုရှင်များပူးပေါင်းပြီး အမှတ်တရတေးသီချင်းများ အခမဲ့ထုတ်ဝေဖြန့်ဝေခြင်း၊ မြို့မတေးသီချင်းအဆိုပြိုင်ပွဲများ၊ အထိမ်းအမှတ်မဂ္ဂဇင်းများလည်း ထုတ်ဝေရန်ရှိကြောင်း သိရသည်။
မြို့မအပျော်တမ်းတူရိယာအသင်းကို ၁၉၂၅ ခုနှစ်တွင် ဆရာအလင်္ကာကျော်စွာ မြို့မငြိမ်းမှဦးဆောင် တည်ထောင်ခဲ့သည်။ ၁၉၂၈-ခုနှစ်တွင် မန္တလေး ဆိုင်းတန်းရပ်မှ ဦးတော်လုံအား အမှူးပြု၍ ဦးကျော်ငြိမ်း (မြို့မငြိမ်း) ၊ ဦးကြီးငွေ၊ ဦးသန့်ဇင်၊ ဦးရင်ကလေးတို့က ဒါးတန်း ဦးသန့် နေထိုင်သော ဒါးတန်းဝင်းအတွင်း၌ ဖွဲ့စည်းခဲ့သည်။
ပထမဆုံး အဆိုတော်မှာ ဦးညီနှင့် ဦးဖူးအံ့တို့ ဖြစ်သည်။ ယခင်က ဒါးတန်းဝင်း၌ အသင်းတည်ရှိခဲ့ပြီး ယခုအခါ ၈၆-လမ်းနှင့် ၂၁-လမ်းထောင့်တွင် တည်ရှိသည်။
မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး တူရိယာအသင်း တစ်ခုလည်း ဖြစ်သည်။
