Monday, December 8, 2025

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊...

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန်...

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀...

တိုကျိုမြို့ရှိ မြန်မာသံရုံးအမည်သုံး၍ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်နေဟု...

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီက အသုံးပြုခဲ့သည့် website အမည်ကို တုပ၍ အွန်လိုင်း လောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း မြန်မာသံရုံး၊...
HomeCelebrities' Newsမမတာဇာတ်ရုပ်ကအခြားသရုပ်ဆောင် ငှားလို့မရတဲ့အတွက် သရုပ်ဆောင်ဖြစ်သွားတာပါ...

မမတာဇာတ်ရုပ်ကအခြားသရုပ်ဆောင် ငှားလို့မရတဲ့အတွက် သရုပ်ဆောင်ဖြစ်သွားတာပါ အကယ်ဒမီနေတိုး

လတ်တလောမှာ နေတိုးပါဝင် သရုပ်ဆောင်ထားတဲ့ ‘တာတေကြီး ‘ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသလျက် ရှိပြီး ဒီဇာတ်ကားရဲ့မူရင်းဇာတ်ကား ဖြစ်တဲ့ အိန္ဒိယ ရုပ်ရှင်ဇာတ်ကားကလည်း အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိပါ တယ်။ ဒီဇာတ်ကားကို စတင်ရိုက်ကူး ကတည်းက ကော်ပီဇာတ်ကား မှန်း သိခဲ့ပေမယ့် မူရင်း ဇာတ်ကားတွေကို ကြည့်လေ့ ကြည့်ထမ ရှိဘူးဆိုတဲ့ နေတိုးက….

“မူရင်း ဇာတ်ကားတွေ အရင် တုန်းက ရိုက်ကူးခဲ့တာတွေလည်း ရှိ တယ်။ အခုနောက်ပိုင်း ရိုက်ကူးထားတာတွေတချို့ဟာတွေလည်းရှိ တယ်။ ကျွန်တော် ကတော့ မူရင်းဇာတ်ကားတွေကို ကြည့်လေ့ကြည့် ထမရှိဘူး။ တာတေကြီး မူရင်းဇာတ် ကားကိုလည်း မကြည့်ဖူးဘူး။ အွန်လိုင်းမှာတက်လာတဲ့ အခါကျတော့ ကျွန်တော်ကြည့်ချင်တဲ့ ပွိုင့်တွေကိုကြည့်ဖြစ်တယ်။ ကျွန်တော်တို့က ဇာတ်ညွှန်းနဲ့ဇာတ်ကောင်ရဲ့ လှုပ်ရှားမှုက ဘယ်လိုဖြစ်နိုင်လဲပေါ့။ အဲဒီလိုမျိုး ပဲစဉ်းစားတယ်။ အနု ပညာကို ဖန်တီးတဲ့အခါမှာတစ်ခုခု ကိုယ့်ရဲ့ အပေါ်မှာ မိုးပြီး ဖိစီးနေမယ် ဆိုရင်အဲဒီသရုပ်ဆောင်မှုကမပီ ပြင်နိုင်ဘူး။ နောက်တစ်ခုက အဲဒီ အရိပ်အောက်မှာရှိတယ်ဆိုတာကို သိသာနိုင်တယ်။  ကျွန်တော်တို့က ဇာတ်ညွှန်းနဲ့ဇာတ်ကောင်အပေါ်မှာပဲ ကိုယ့်ဆီကနေ ဘယ်လို အနုပညာကို ထုတ်သုံးလို့ ရမလဲဆိုတာ စဉ်းစားတယ်။ ဒါရိုက်တာ ကလည်း အဲဒီလိုပါပဲ။

ကျွန်တော့်ကို ခိုင်းတဲ့နေရာမှာလဲ ကျွန်တော့်မှာရှိတဲ့ အနုပညာတွေ၊ ကျွန်တော် လုပ်နိုင်တာတွေ၊ ဒီဇာတ် လမ်း ကိုလာပေးတဲ့ကိုယ်က ကျွန်တော်နဲ့ လိုက်ဖက်လို့ လာပေးတဲ့ အ တွက် လုပ်ခဲ့ရတယ်။ တာတေကြီးရဲ့ ထူးခြားချက်တစ်ခုက မမတာဆိုတဲ့ ဇာတ်ကောင်က ကျွန်တော်သရုပ် ဆောင်ဖို့ မဟုတ်ဘူး။ တခြားသရုပ် ဆောင် တစ်ယောက်ငှားလို့ မရတဲ့ အတွက် ကျွန်တော် သရုပ်ဆောင် ခဲ့ တာပါ” လို့ ပြောပါတယ်။   ‘တာတေကြီး ‘ ရုပ်ရှင်ဇာတ်ကား က ကော်ပီဇာတ်ကား ဖြစ်ပေမယ့် ပုံ စံတူတယ်လို့ မထင်ဘူးဆိုတဲ့ နေတိုး က ရိုက်ကူးရေးနဲ့ အနုပညာဖန် တီးမှုက ကော်ပီကူးယူလို့ မရပါဘူးလို့ ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071