Wednesday, April 23, 2025

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း...

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့်...

ဧပြီ ၂၅ ရက်မှ ၂၇...

လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ ရန်ကုန်တိုင်း(မြောက်ပိုင်း)၊...

စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေတိုင်းရှိ၊ အရန်ဆီ(၂)ပတ်စာခန့်သိုလှောင်ထား

ငလျင်ဘေးသင့်ဒေသများတွင် စက်သုံးဆီဖြန့်ဖြူးမှု ပုံမှန်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကာ နိုင်ငံတစ်ဝှမ်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် အရန်ဆီများအား (၂)ပတ်စာခန့်သိုလှောင်ထားကြောင်း သိရသည်။ အလားတူ အရောင်းဆိုင်များတွင်လည်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန်စီမံဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီစျေးနှုန်းများမှာ ကျပ်(၂၀၀)မှ ကျပ်(၃၀၀)ခန့်အထိကျဆင်းလျက်ရှိကြောင်း...
HomeNewsLocal Newsမပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးအား ချမ်းအေးသာစံမြို့နယ်တွင်တွေ့ရှိ...

မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးအား ချမ်းအေးသာစံမြို့နယ်တွင်တွေ့ရှိ ၊ဖောက်ခွဲဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ၈၉ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ သီရိဟေမာအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ ဇန်နဝါ ရီ ၂ ရက်နံနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နံနက် ၇ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်၊ ၈၉လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ သိရီဟေမာအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ သန့်ရှင်းရေးပြုလုပ်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သစ်ပင်ခြေရင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးရာ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“ပြည်သူတွေအန္တရာယ်မရှိအောင် လက်ပစ်ဗုံးတွေ့တဲ့ နေရာဝန်းကျင်ကိုခနလမ်းပိတ်ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း တရုတ်ပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။ ဧပြီ (၂၂) ရက် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရှမ်းနယ်ပြည်မြောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်မှုအပေါ် ၎င်းက ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအ‌နဖြင့် ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ (ရှမ်း/မြောက်) စစ်ပွဲများ ရပ်တန့်ရန်အတွက်လည်း...

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့် တန်းတူညီမျှသည့် ညှိနှိုင်းဆွေးနွေးခြင်းမျိုးကိုမလုပ်ပါက မိမိတို့သွားနေသည့်လမ်းကြောင်းအတိုင်းသာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။ ဆက်လက်၍လည်း တေရန်အနေဖြင့် ပဋိပက္ခကို ရှာနေခြင်းမဟုတ်ဘဲ အကျပ်ကိုင်မှုများကို တွန်းလှန်လိုခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ဘယ်သူနဲ့မှလဲ ထိပ်တိုက်မတွေ့ချင်ပါဘူး၊ဒီလိုပြောပေမဲ့ ဖိအားပေးတာ၊ ဒါမှမဟုတ်အနိုင်ကျင့်တာမျိုး‌တွေကိုတော့လည်း ငြိမ်ခံနေမှာမဟုတ်ပါဘူး” ဟု သူက ဆိုသည်။ ကန်သမ္မတကမူ အီရန်နှင့်ပထမအကြိမ်ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရှိသည်ဟုပြောကြားခဲ့ပြီး နောက်တစ်ဆင့်အတွက်မှာမူ အချိန်အနည်းငယ်လိုနေသေးသည်ဟုဆိုခဲ့သကဲ့သို့ အီရန်ဘက်ကလဲ ၎င်းတို့အနေဖြင့်...

ဧပြီ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်

လာမည့် ဧပြီ ၂၅ ရက်မှ ဧပြီ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှဧပြီ ၂၂ ရက်ကအသိပေးခဲ့သည်။ ရန်ကုန်တိုင်း(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း(မြောက်ပိုင်း)တို့တွင် ဧပြီ လ၏ ပုံမှန်နေ့အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီဆဲလ်စီးယပ်အထိ(အနည်းငယ်)မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။ ထို့ပြင် စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)တို့အတွင်းရှိ ဒေသအချို့တွင်လည်း ဧပြီလ၏ ပုံမှန်နေ့အပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ (သိသိသာသာ)တိုးမြင့်လာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071