မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဘုရားပွဲတော်သို့လာရောက်မည့်သူများအဆင်ပြေစေရေးအတွက် တည်းခိုဆောင်(၅၁၉)ခန်းနှင့် ဈေးဆိုင်ခန်း(၇၇၉)ခန်းကိုဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တည်းခိုဆောင်နှင့် စျေးဆိုင်ခန်များအား မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း၌ အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာသူများ တည်းခိုနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် မန်းချောင်းသောင်ပြင်ပေါ်တွင် ဆောက်လုပ်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
တည်းခိုဆောင်ငှားရမ်းခအနေဖြင့် အထူးခန်း(VIP) တည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းအား တစ်ရက်လျင် ငွေကျပ်(၁၁၀,၀၀၀)၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းအား တစ်ရက်လျင် ငွေကျပ် (၈၀,၀၀၀)၊ ငွေကျပ်(၆၀,၀၀၀)၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းအား တစ်ရက်လျင် ငွေကျပ်(၆၀,၀၀၀)၊ ကုန်းပေါ်တစ်ခန်းအား တစ်ရက်လျင် ငွေကျပ်(၄၀,၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ထားသဖြင့် တည်းခိုဆောင်ငှားရမ်းခများကိုပိုမိုကောက်ခံပါက တိုင်ကြားနိုင်ပြီး ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်အား ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ (၈၆)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ဘုရားဖူးများသွားလာရေးအဆင်ပြေစေရန် သောင်ပြင်အတွင်း၌ ယာယီဘေလီသံပေါင်တံတား(အထူးတံ တား)တစ်စင်းကို တပ်ဆင်ဆောက်လုပ်ပေးထားကာ မင်ဘူး-ရွှေစက်တော်၊ ရွှေစက်တော်အခြေပြု တောင်ပေါ်-တောင်အောက်နှင့် ရွှေစက်တော်-ဆင်စခန်း မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။
