လားရှိုးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒသည် ယမန်နေ့ မေ (၂)မွန်း လွဲပိုင်းအချိန်၌ လားရှိုးမြို့သို့ ပြန်လည် သီတင်းသုံးနေထိုင်ရန် ကြွရောက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့က နှစ်နာရီလောက်မှာ ဆရာတော်ကြီး လားရှိုးကို ပြန်ကြွလာတာပါ”ဟု ၎င်းက ဆိုသည်။
တို-က်ပွဲများ ငြိမ်သက်အေးချမ်းသွားပြီဖြစ်သည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအတွက် ယနေ့ မေ(၃)ရက်တွင် ရှမ်း ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အပါအဝင် မန်ဆူ ဆရာတော် ၏ ဒါယိကာများက လှူဖွယ်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
