Wednesday, April 30, 2025

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...
HomeNewsLocal Newsမန္တလေး အိမ်ခြံမြေဈေးကွက်တွင် ထောင်ကြီးသောင်းပိုင်း...

မန္တလေး အိမ်ခြံမြေဈေးကွက်တွင် ထောင်ကြီးသောင်းပိုင်း အရောင်းအဝ ယ်များ မဖြစ်သလောက်အေးနေပြီး သိန်း ၁၀၀၀ ပတ်လည်များသာ အရောင်းအဝယ်ဖြစ်ဟုဆို

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် သိန်း ၁၀၀၀ အောက် အကွက်များသာ အရောင်းအဝယ်သွက်ပြီး မြို့တွင်းပိုင်းရှိ သိန်းထောင်ကြီးပိုင်းနှင့် သောင်းပိုင်းအကွက်များ အရောင်းအဝယ်မဖြစ်သလောက်ရှိကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်အချို့ထံမှ စုံစမ်းသိရသည်။

ယခုလပိုင်းများအတွင်း အိမ်ခြံမြေဝယ်ယူမှုများရှိသော်လည်း မြို့အစွန်နှင့် မြို့သစ်ဘက်ရှိ မြေကွက်များနှင့် မြို့တွင်းပိုင်းရှိ သိန်း ၅၀၀ ဝန်းကျင်မှ သိန်း ၁၅၀၀ ပတ်ချာလည် အိမ်ခြံမြေအကွက်များသာ အများဆုံးအလုပ်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်မိုးထွန်းက ပြောသည်။

” အရောင်းအဝယ်ကတော့ ၁၀၀၀ ပတ်လည်အကွက်တွေ အရောင်းအဝယ်ဖြစ်ပါတယ်။ မြို့တွင်းပိုင်းကဟာတွေကတော့ သိန်းသောင်းပိုင်းတန်တာတွေ ရောင်းဖို့ပြောထားတာရှိတယ်။ ဒါပေမဲ့ အလုပ်မဖြစ်သလောက်ပါပဲ။ မြို့သစ်ဖက်နဲ့ မြို့အစွန်တွေမှာကတော့ ၄၀၀/၅၀၀ ကနေ ၁၀၀၀ ပတ်ချာလည်တွေ အရောင်းအဝယ်ဖြစ်နေတာပေါ့။ ဈေးကွက်အေးနေသလားဆိုတော့ သူ့ဟာနဲ့သူတော့ အလုပ်ဖြစ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဝယ်ယူနေသူအများစုမှာ နိုင်ငံရေးအပြောင်းအလည်းများအတွင်း ငွေကြေးခိုင်မာမှု ရှိစေရန် ရင်းနှီးကြသည့် သဘောမျိုး ဝယ်ယူနေကြခြင်းမျိုးလည်း ရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှ နှစ်အတန်ကြာသည်အထိ သိန်းသောင်းကြီးပိုင်းတန်သည့် မြေကွက်များ စံချိန်တင်အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ကိုဗစ်နှင့်နိုင်ငံရေး အပြောင်းအလဲများကြောင့်လည်း တန်ဖိုးအမြင့်ပိုင်း အိမ်ခြံမြေဈေးကွက်မှာ တုံ့ဆိုင်းလာကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပေါ်ခဲ့သည့် ဒေါ်လာဈေးဂယက်ကြောင့်လည်း အိမ်ခြံမြေအရောင်းအဝယ်များ လပိုင်းမျှရပ်တန့်သွားခဲ့သေးပြီး လက်ရှိအချိန်တွင်လည်း မန္တလေးမြို့ရှိ ရပ်ကွက်အချို့တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ စည်ပင်သာယာမှ နေအိမ်များကို လိုက်လံဖျက်သိမ်းနေသည့်အတွက် ဝယ်ယူသူများအနေဖြင့် စိုးရိမ်မှုများလည်း ရှိကြကြောင်း ပုသိမ်ကြီးမြို့နယ်တွင်နေထိုင်သည့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ကိုစိန်သန်းက ပြောသည်။

” စိုးရိမ်မှုတော့ ရှိတာပေါ့။ ကျူးဆိုပြီးဖျက်တာတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ မြေအမျိုးအစားပေါ်တော့ မူတည်တာပေါ့နော်။ နောက်တစ်ခု ကဥပဒေကြောင်းအရ ခိုင်မာမှု ရှိမရှိ စီစစ်ဖို့တော့ လိုတာပေါ့။ တကယ်ဝယ်မယ်ဆိုရင် ရှေ့နေနဲ့ တိုင်ပင်ပြီးလုပ်တာတော့ အကောင်းဆုံးပဲလေ” ဟု ၎င်းကဆိုသည်။

မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ အောင်မြေသာစံ၊ ချ မ်းအေးသာစံ  စသည့်မြို့နယ်များအပါအဝင် အချက်အခြာကျသည့် ရပ်ကွက်များအပါအဝင် မြို့တွင်းမြို့နယ်အချို့တွင် ယခုရက်ပိုင်း မြေကွက်ရောင်းချလိုသူများ ရှိနေသော်လည်း ဈေးနှုန်းကွာဟမှုကြောင့် အရောင်းအဝယ်နှေးနေကြောင်း သိရသည်။

လက်ရှိတွင် အစိုးရကလည်း သိန်း ၁၀၀၀၀ အထက် အိမ်ခြံမြေအရောင်းအဝယ်များနှင့် ပတ်သက်၍ အချက်အလက်များ ပေးအပ်ရန် ညွှန်ကြားထားပြီး ငွေကြေးခဝါချမှုနှင့် ပတ်သက်ဆက်နွယ်မှု ရှိမရှိ စစ်ဆေးမည့် အစီအစဉ်များ လုပ်ဆောင်နေပြီး အဆိုပါစီမံချက်သည်လည်း အိမ်ခြံမြေဝယ်ယူလိုသူများအတွက် အဟန့်အတား တစ်ခုကဲ့သို့ ရှိနေကြောင်း သုံးသပ်မှုများလည်း ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။ အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071