ရှမ်း/မြောက် မန္တလေး-လားရှိုးခရီးစဉ်အတွက် ယနေ့ အောက်တိုဘာ(၁၈)ရက်မှစတင်၍ ပြည်ထောင်စုလမ်းမကြီး အ တိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ယခင်က ပြည်ထောင်စုလမ်းမကြီး အ တိုင်း မန္တလေးမှ နောင်ချိုအထိသွား လာနေရာမှ ယနေ့တွင် ခရီးသွားယာဉ်ငယ်များ စတင်သွားလာနေကြပြီဖြစ်ကာ ကုန်တင်ယာဉ်များသွားလာခြင်းမျိုးမတွေ့ရှိရသေးကြောင်း ဆိုသည်။
“ကားလေးတွေတော့ သွားနေကြတယ်။ နည်းနည်းတော့ ပါးသေးတာပေါ့။ အခုလိုပြန်ပွင့်သွားတော့ ခရီးလမ်းမြန်မယ်၊ စရိတ်စခတွေ သက်သာသွားတာပေါ့။ လမ်းပိုင်းတွေပြုပြင်နေတာမျိုးတွေလည်းတွေ့တယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့ အောက်တိုဘာ (၁၇)ရက်က တပ်မတော်စစ်ကြောင်းများ သီပေါမြို့ကို ဝင်ရောက်ထိန်းချုပ်ထားနိုင်ပြီးနောက် ယင်းသို့ လမ်းပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။
တပ်မတော်သည် ကျောက်မဲမြို့ကို အောက်တိုဘာ(၁) ရက်နေ့တွင်အပြည့်အဝထိန်းချုပ်ပြီးနောက် သီပေါမြို့ ပြန် လည်သိမ်းပိုက်နိုင်ရေးအတွက် ဆက် လက် တိုက်ခိုက်ခဲ့ရာ (၁၆) ရက်အကြာ အောက်တိုဘာ (၁၇)ရက်နေ့ သီပေါမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
