Sunday, February 9, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsမန္တလေး-မူဆယ် လမ်းကြောင်း တစ်လျှောက်Check...

မန္တလေး-မူဆယ် လမ်းကြောင်း တစ်လျှောက်Check Pointများ ထပ်မံဖွဲ့စည်းရန် စီစဉ်

မန္တလေး-မူဆယ် လမ်းကြောင်း တစ်လျှောက်Check Pointများ ထပ်မံဖွဲ့စည်းရန် စီစဉ်

ယခုအချိန်တွင် တရုတ်နယ် စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သော် လည်း မူဆယ်၊ ချင်းရွှေဟော်တို့၌ ပို့ကုန်ယာဉ်အများအပြား ကျန်ရှိနေသေးသဖြင့် ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် Check Pointများ ထပ်မံဖွဲ့စည်းမည်ဟုမန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်ကျော်မင်း က ပြောသည်။

ယင်းကြောင့် မန္တလေး ၁၆ မိုင် စစ်ဆေးရေး ဂိတ် အနေဖြင့် ပို့ကုန်ယာဉ်များအား ခေတ္တယာယီဖြတ် သန်းခွင့်မပြုသေးဘဲ၊ ဒုတိယအကြိမ် SOP အသစ်ပြန်လည်ရေးဆွဲပြီး၊ မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်အပါအဝင် မြစ်ငယ်တိုးဂိတ်၊ မန္တလေး ထုံးဘိုလမ်းနှင့် (၆၂) လမ်းဆုံ၊ အုန်းချောအဝင် မန္တလေး-လားရှိုးလမ်းနှင့် ထုံးဘိုလမ်းဆုံ (ရတနာလင်း လမ်းဆုံ) စသည့် နေရာများတွင် Check Point ထပ်မံဖွဲ့စည်းပြီး ပို့ကုန် ယာဉ်များအား ထိန်းချုပ် စေလွှတ်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောသည်။

ဒီဇင်ဘာလ ၁၂ရက်က မန္တလေးမြို့ရှိ Pullman Mandalay Mingalar Hotel တွင် ကျင်းပသည့်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၊ မန္တလေး-မူဆယ် လမ်းကြောင်း တစ်လျှောက် ကုန်စည် ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေးနှင့် Check Point များ သတ်မှတ်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကုန်စည် ကူးသန်းရောင်းဝယ်မှုတွင် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ Check Point တစ်ခုချင်းစီတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ကုန်သည်လုပ်ငန်းရှင်များနှင့် အတူ လိုက်ပါ ဆောင်ရွက်ရသော ယာဉ်မောင်း/ ယာဉ်နောက်လိုက်များပါ သိရှိနိုင်ရေး ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းပြည်နယ်မြောက်ပိုင်း) ဥက္ကဋ္ဌ၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန်ကြားရေးမှူးတို့က Zoom Meeting ဖြင့် တက်ရောက်ခဲ့ပြီး Check Point နေရာများ အလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊ ယာဉ်ရပ်နားကွင်း၊ ကုန်ချ ကွင်းနှင့် ယာဉ်ရပ်နားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

မကြာမီ သက်ဆိုင်ရာက လိုက်နာဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက်များအား ထုတ်ပြန်ရန်ရှိနေသည်ဟုသိရသည်။

ပုံစာ။ ။မန္တလေး-မူဆယ် လမ်းအတွင်း ယာဉ်ကြောပိတ်ဆို့နေမှု မြင်ကွင်းတစ်ခု(ယခင်ပုံ)








Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071