“မန္တလေး မဟာအောင်မြေကျောက်ဝိုင်း ပေါက်ကွဲမှုဖြစ်”
မန္တလေး မဟာအောင်မြေကျောက်ဝိုင်း တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့သည်ဟု အဆိုပါ နေရာရှိ ကျောက်အရောင်းအဝယ်သမားအချို့က ပြောသည်။
“၂ခါဖြစ်တာ။အတော်လေး ပြေးလိုက်ရတယ်။အသံကတော်တော်ကျယ်တယ်”ဟု ကျောက်သမားတစ်ဦးကပြောပြသည်။
ပေါက်ကွဲမှုကြောင့် ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်ပြုလုပ်နေသူများထွက်ပြေးခဲ့ကြရပြီး လက်ရှိတွင် အရောင်းအဝယ်ပြုလုပ်သူများ နည်းပါးသွားသည်ဟု ကျောက်အရောင်းအဝယ်သမားတစ်ဦးကပြောသည်။
“မနက် ၉ နာရီကျော်လောက်မှာ လူတော့ နည်းနည်းပါးသွားတာပေါ့။အရောင်းအဝယ် ဆက်လုပ်နေကြတဲ့သူတွေလည်းရှိတယ်”ဟုပြောသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးမှုမရှိသော်လည်း ထိခိုက်ဒဏ်ရာရသူ ရှိ၊မရှိကိုမူ မသိသေးပေ။
ပေါက်ကွဲမှုသည် ရပ်ကင်း၊လှည့်ကင်းလုပ်ဆောင်နေသည့် ရဲနှင့်စစ်သားအနီးနားတွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ကနဦးသတင်းများအရသိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်မျက်ရောင်းဝယ်ရေးစခန်းပြန်ဖွင့်ပြီးနောက်ပိုင်း စခန်းနှင့် ပတ်ဝန်းကျင်အနီးနားတွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်မှာ ၁၀ကြိမ်ထက်မနည်း ရှိပြီဖြစ်သည်။
Zaw Gyi
“မႏၲေလး မဟာေအာင္ေျမေက်ာက္ဝိုင္း ေပါက္ကြဲမွုျဖစ္”
မႏၲေလး မဟာေအာင္ေျမေက်ာက္ဝိုင္း တြင္ ယေန႔မနက္ပိုင္းက ေပါက္ကြဲမွု ၂ႀကိမ္ျဖစ္ပြားခဲ့သည္ဟု အဆိုပါ ေနရာရွိ ေက်ာက္အေရာင္းအဝယ္သမားအခ်ိဳ႕က ေျပာသည္။
“၂ခါျဖစ္တာ။အေတာ္ေလး ေျပးလိုက္ရတယ္။အသံကေတာ္ေတာ္က်ယ္တယ္”ဟု ေက်ာက္သမားတစ္ဦးကေျပာျပသည္။
ေပါက္ကြဲမွုေၾကာင့္ ေက်ာက္ဝိုင္းအတြင္း အေရာင္းအဝယ္ျပဳလုပ္ေနသူမ်ားထြက္ေျပးခဲ့ၾကရၿပီး လက္ရွိတြင္ အေရာင္းအဝယ္ျပဳလုပ္သူမ်ား နည္းပါးသြားသည္ဟု ေက်ာက္အေရာင္းအဝယ္သမားတစ္ဦးကေျပာသည္။
“မနက္ ၉ နာရီေက်ာ္ေလာက္မွာ လူေတာ့ နည္းနည္းပါးသြားတာေပါ့။အေရာင္းအဝယ္ ဆက္လုပ္ေနၾကတဲ့သူေတြလည္းရွိတယ္”ဟုေျပာသည္။
ေပါက္ကြဲမွုေၾကာင့္ ေသဆုံးမွုမရွိေသာ္လည္း ထိခိုက္ဒဏ္ရာရသူ ရွိ၊မရွိကိုမူ မသိေသးေပ။
ေပါက္ကြဲမွုသည္ ရပ္ကင္း၊လွည့္ကင္းလုပ္ေဆာင္ေနသည့္ ရဲႏွင့္စစ္သားအနီးနားတြင္ ေပါက္ကြဲမွုျဖစ္ခဲ့သည္ဟု ကနဦးသတင္းမ်ားအရသိရသည္။
မဟာေအာင္ေျမၿမိဳ႕နယ္အတြင္းရွိ ေက်ာက္မ်က္ေရာင္းဝယ္ေရးစခန္းျပန္ဖြင့္ၿပီးေနာက္ပိုင္း စခန္းႏွင့္ ပတ္ဝန္းက်င္အနီးနားတြင္ ေပါက္ကြဲမွုျဖစ္ခဲ့သည္မွာ ၁၀ႀကိမ္ထက္မနည္း ရွိၿပီျဖစ္သည္။