(Unicode)
မန္တလေး ပြည်ကြီးတံခွန်တွင် သိန်း၈၀၀၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီး
ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးအမြောက်အမြားကို မန္တလေးပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ဖမ်းဆီးရမိမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရဲကပြောပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီခွဲအချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း၊ ၁၃၉(B)လမ်းနဲ့ ၁၃၉(C)လမ်းကြားမှာ ရပ်တန့်ထားတဲ့ Nissan Diesel ၆ ဘီး ကရိန်းမော်တော်ယာဉ်ပေါ်ကို သတင်းအရရှာဖွေရာမှာ ယာဉ်မောင်း သန့်ဇင်ဦး(၂၆)နှစ်၊ မိုးဟိန်း(၂၄)နှစ်တို့နဲ့အတူ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးတွေကတော့ ဘိန်းဖြူ ၂၆ ဒသမ ၂၉ ကီလို၊ ဘိန်းဆီခဲ ၈ ဒသမ ၇ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၇၂,၀၀၀ ပြားတို့ပဲ ဖြစ်ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်တွေအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရတဲ့အတွက် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။
(Zawgyi)
မႏၲေလး ျပည္ႀကီးတံခြန္တြင္ သိန္း၈၀၀၀နီးပါးတန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းဆီး
ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ မႏၲေလးတိုင္းေဒသႀကီးသို႔ သယ္ေဆာင္လာတဲ့ မူးယစ္ေဆးအေျမာက္အျမားကို မႏၲေလးျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲမွာ ဖမ္းဆီးရမိမႈတစ္ခုျဖစ္ပြားခဲ့တယ္လို႔ ရဲကေျပာပါတယ္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ ဒီဇင္ဘာလ ၁၁ ရက္ေန႔ ည ၈ နာရီခြဲအခ်ိန္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၂ လမ္း၊ ၁၃၉(B)လမ္းနဲ႔ ၁၃၉(C)လမ္းၾကားမွာ ရပ္တန႔္ထားတဲ့ Nissan Diesel ၆ ဘီး ကရိန္းေမာ္ေတာ္ယာဥ္ေပၚကို သတင္းအရရွာေဖြရာမွာ ယာဥ္ေမာင္း သန႔္ဇင္ဦး(၂၆)ႏွစ္၊ မိုးဟိန္း(၂၄)ႏွစ္တို႔နဲ႔အတူ ယာဥ္ေပၚမွ ေဒသကာလတန္ဖိုးေငြက်ပ္သိန္း ၇,၉၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးေတြ ဖမ္းဆီးရမိခဲ့တာပါ။
ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးေတြကေတာ့ ဘိန္းျဖဴ ၂၆ ဒသမ ၂၉ ကီလို၊ ဘိန္းဆီခဲ ၈ ဒသမ ၇ ကီလို၊ အိုက္စ္(မက္သ္အဖက္တမင္း) ၁ ကီလိုနဲ႔ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇၂,၀၀၀ ျပားတို႔ပဲ ျဖစ္ပါတယ္။
စစ္ေဆးေဖာ္ထုတ္ခ်က္ေတြအရ သိမ္းဆည္းရမိ မူးယစ္ေဆးဝါးေတြကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ မႏၲေလးတိုင္းေဒသႀကီးသို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရတဲ့အတြက္ ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူေတြကို ဆက္လက္စစ္ေဆး ေဖာ္ထုတ္ေနတယ္လို႔ မူးယစ္ရဲတပ္ဖြဲ႕က ေျပာဆိုထားပါတယ္။