ကိုဗစ်ကူးစက်နေမှု လှိုင်းဂယက်ကြောင့် ခေတ္တရပ်နားထားတဲ့ မန္တလေး၊ မြစ်ကြီးနားနဲ့ ပူတာအို လေကြောင်းခရီးစဉ်တွေကို လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ ပုဂ္ဂလိက ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Air KBZ ကနေ သိရပါ တယ်။
နေရပ်ဒေသ အသီးသီးသို့ ပြန်လိုကြတဲ့၊ မဖြစ်မနေခရီးသွားလာဖို့လိုအပ်နေတဲ့ ခရီးသွားပြည်သူတွေ အတွက် ပြေးဆွဲပေးတာလို့ လေကြောင်းလိုင်းက ပြောဆိုထားပြီး အခုပြေးဆွဲပေးမယ့် လေကြောင်းလိုင်းခရီးစဉ် ကတော့ ရန်ကုန်မှ မန္တလေး၊ မြစ်ကြီးနားနဲ့ ပူတာအိုတို့ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးကနေ ထွက်ခွါမယ့် ခရီးသည်တွေ အနေနဲ့ကတော့ NON-STAY AT HOME မြို့နယ်တွင်နေထိုင်ကြောင်းဆိုတဲ့ ထောက်ခံစာ ပါရှိဖို့လိုမယ်လို့ လေကြောင်းလိုင်းကဆိုပါတယ်။
ဒါ့အပြင် မြစ်ကြီးနားနဲ့ ပူတာအိုကနေ ရန်ကုန်ကို လိုက်ပါမယ့် ခရီးသည်တွေကိုလည်း သယ်ဆောင်မှာမဟုတ်ဘူးလို့ လေကြောင်းလိုင်းက ပြောဆိုထားပါတယ်။
ပြည်တွင်းခရီးစဉ်တွေမှာ လိုက်ပါစီးနင်းကြမယ့် ခရီးသည်တွေဟာ မဖြစ်မနေလိုက်နာရမယ့် ညွှန်ကြားချက်တွေကို လိုက်နာကြရ မှာဖြစ်တယ်လို့ သိရပါတယ်။