မန္တလေးမှ မြန်မာသူရ ကျောက်စိမ်းကျောက်မျက် ကုမ္ပဏီရုံးနှင့် နေအိမ်ကို ချိတ်ပိတ်
မန္တလေးမြို့ရှိ မြန်မာသူရ ကျောက်စိမ်း ကျောက်မျက် ကုမ္ပဏီရုံးခန်းနှင့် နေအိမ်ကို ဩဂုတ်လ (၁၈) ရက် နေ့လယ်ပိုင်းတွင် နစက မှ ချိတ်ပိတ်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။
အဆိုပါ မြန်မာသူရ ကျောက်စိမ်း ကျောက်မျက် ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူမှာ PDF များအား ဆက်သွယ်ထောက်ပံ့ သည်ဟုဆိုကာယခုလို လုပ်ဆောင်ခြင်း ဖြစ် ကြောင်း နီးစပ်သူများနှင့် မန္တလေးမြို့ခံ သတင်းရင်းမြစ်များထံက သိရသည်။
” PDF နဲ့ ဆက်သွယ်လို့ ဆိုပြီးတော့ လုပ်သွားတာပဲ။ မနက်က အိမ်ရှေ့က ဖြတ်သွားတော့ ဘာမှမဖြစ်သေးဘူး။ ညနေဘက် အပြန်ကျတော့ ကြိုးအဝါတွေတားပြီးတော့ ဗီနိုင်းချိတ်ထားတာတွေ့ရတယ်” ဟု မန္တလေးမြို့မှ ကျော က်ပွဲစား တစ်ဦးက ပြောသည်။
၅၃ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ နေအိမ်နှင့် ၈၈ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်း ကြား ဘေးမဲ့ကျောင်း တိုက်တောင်ဘက်ရှိ ကုမ္ပဏီရုံးခန်းတို့အား ထွေအုပ်နှင့် စစ်တပ်မှ တပ်ဖွဲ့ဝင်များက ဩဂုတ်လ (၁၈) ရက် မွန်းလွဲပိုင်းတွင် ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။
” သူ့တိုက်ခန်း (၂) ခန်း ချိတ်ပိတ်သွားတယ်လို့ပဲ ကြားတယ်။ အသေးစိတ်တော့ မသိလိုက်ဘူး ။ ကျွန်တော်လည်း သင်တန်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ” ဟု မြန်မာသူရ ကျော က်စိမ်းကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရနှင့် နီးစပ်သူ ကျောက်စိမ်းပညာရှင် တစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာသူရ ကျောက်စိမ်း ကုမ္ပဏီ ပိုင်ရှင် ဦးကျော်သူရအား တပ်မှ ဖမ်းဆီးထားခြင်း ရှိမရှိ ပေါ် ပြူလာမှ အတည်ပြုနိုင်ရန် စုံစမ်းနေသော်လည်း အသေး စိတ် အချက်အလက်များ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြန်မာသူရ ကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရသ ည် မြန်မာ့ ကျောက်စိမ်းလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားစိုက်လုပ်ဆောင်နေသူများထဲမှ တစ်ဦးအပါ အဝင်ဖြစ်ပြီး ကျောက်စိမ်း ပညာရပ်နှင့် ပတ်သက်၍ ဗဟုသုတများ မျှဝေခြင်း ၊ ကျောက်စိမ်း ပန်းပုသမားများအား တရုတ်နိုင်ငံသို့ ပညာတော်သင် စီစဉ်စေလွှတ်ပေးခြင်းများ လုပ်ဆောင်နေသူတစ်ဦး ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း ကျောက်စိမ်း ဝယ်ရောင်း လုပ်ကိုင်သူ ၄၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီး ယင်းသို့ ဖမ်းဆီးခံရသူများထဲမှ တရုတ်နိုင် ငံသား ကျောက်ပွဲစား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးကာမြန်မာနိုင်ငံသားများကို တရားမဝင် ကျောက်မျက်ကိုင်ဆောင်မှုအပါအဝင် ပုဒ်မများနှင့် အရေးယူမှုများ လုပ် ဆောင်ခဲ့သည်။
အဆိုပါ တရားစွဲ ခံထားရသည့် ကျောက်စိမ်း ဝယ်ရောင်းများထဲမှ အချို့ကို ပြီးခဲ့သည့် ဩဂုတ်လ (၁၁) ရက်က ထောင်ဒဏ် (၁) နှစ်ခွဲ ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။