မန္တလေးမြို့မှ ပြည်သူများသည် ငလျင်ကြီး လှုပ်ခတ်မှုနောက်ပိုင်းတွင် သဘာဝဘေး အာမခံထားရှိမှုကို ပိုမိုစိတ်ဝင်စားလာကြကြောင်း သိရသည်။
မန္ဆလေး ငလျင်ကြီးလှုပ်ခတ်ပြီးနောက် မြန်မာ့အာမခံလုပ်ငန်းတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိသည့် အာမခံအမျိုးအစား (၃၀)ဆယ်ကျော်ရှိသည့်အနက် မီးအာမခံအတွက်ပါ အကျုံးဝင်သည့် ငလျင်ဘေးအပါအဝင် သဘာဝဘေး အာမခံထားရှိမှုများ ရှိလာနေသည်။
“လူတွေရဲ့သဘောသဘာဝက စီးပွါးရေးကိုပဲ အားစိုက်နေရာကနေ ဒီအာမခံကိုပါ စိတ်ဝင်စားလာကြတယ်။ အာမခံဆိုတာကတော့ ဥပဒေနဲ့ မညီတဲ့ ပစ္စည်းကလွဲလို့ ကြီးမားတဲ့ စက်ပစ္စည်း၊ ကုန်ပစ္စည်း၊ ပရိဘောဂ၊ တန်ဖိုးဖြတ်လို့ရတဲ့ cost တခုရှိတဲ့ဟာမှန်သမျှကို အာမခံထားလို့ရတယ်” ဟု တိုင်းဒေသကြီး တာဝန်ခံ ဒေါ်နီနီအေးက ပြောသည်။
သဘာဝဘေး အာမခံသည်လည်း မီးအာမခံထားပြီးမှ ထားလို့ရခြင်းဖြစ်သည့်အတွက် မီးအာမခံထားသူများကို နေအိမ်အဆောက်အအုံများကို မျက်မြင်စစ်ဆေးပြီးမှသာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာလုပ်ငန်းများကို ပညာပေးအသိပေးလုပ်ပေးနေသည့် အစီအစဉ်များလည်း ဆောင်ရွက်နေသည်။
လက်ရှိ၌ မန္တလေးတိုင်းဒေသကြီးမှ ၄၀ ရာခိုင်နှုန်းခန့်သည် မြန်မာ့အာမခံလုပ်ငန်းမှ မိမိတို့ကြိုက်နှစ်သက်ရာ အာမခံအစီအစဉ်ကို ရွေးချယ်ပြီး အာမခံထားရှိလျက်ရှိနေကြောင်းလည်း သိရသည်။
