မန္တလေးမြို့ရှိ လူစည်ကားရာ လမ်းဆုံမီးပွိုင့်များတွင် ခရီး သွားပြည်သူများ အပူဒဏ်သက်သာစေရန် နေပူခံအမိုးများ အုပ်မိုးပေးထားကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။
မန္တလေးမြို့ရှိ လူစည်ကားရာ နေရာများဖြစ်သည့် မီးပွိုင့်များတွင် မီးနီရပ်စောင့်နေစဉ် မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့် စက်ဘီးစီးနင်းသူများ အပူဒဏ်သက်သာလျော့ ပါးစေရန်ရည်ရွယ်၍ မိုးကာများကို ဧပြီ (၂၉) ရက်မှ စတ င်၍ လိုက်လံအုပ်မိုးပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် အပူချိန်မြင့်မားမှုကြောင့် အပူရှပ် (Heat Stroke) ဖြစ်ပွားရာမှ နေ့စဉ်နီးပါး သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေရသောကြောင့် ရာသီဥတု အပူလွန်ကဲခြင်းများ ဖြစ်ပေါ်နေပါ၍ မိဘပြည်သူများ အထူးဂရုစိုက်ကြပါရန် လူမှုကူညီရေးအသင်းတို့မှလည်း အသိပေးပြောဆိုထား သည်။
အလားတူ ပဲခူးတိုင်းဒေသကြီးတွင်လည်း အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရီးသွားပြည်သူများ အပူဒဏ် သက်သာစေရေး လမ်းမကြီးများရှိ လမ်းဆုံများတွင် မတ်လမှစတင်၍ နေပူခံအမိုးများ အုပ်မိုးပေးခြင်း၊ ရေဖြန်းခြင်းများကို လုပ် ဆောင်ပေးထားကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါဝင် တိုင်းနှင့် ပြည်နယ်အချိုတွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ သက်ကြီးရွယ်အိုနှင့် က လေးငယ်များ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကဲ့သို နာတာရှည် ရောဂါရှင်များအနေဖြင့် အပူဒဏ်ကို သတိထားရန် လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထား သည်။