ပြီးခဲ့သည့်နှစ် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြို့ အင်အားပြင်းငလျင် ရှာဖွေကယ်ဆယ်ရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် အရံမီးသ-တ်စခန်း (၅) ခု ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသ-တ်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က ဂုဏ်ပြုလက်မှတ်များချီးမြှင့်ခံရကြောင်း သိရသည်။
ဂုဏ်ပြုလက်မှတ်ချီမြှင့်ခံရသည့် အရန်မီးသ-တ်စခန်းများမှာ ရန်ကုန်တိုင်းအတွင်းရှိ စခန်းများဖြစ်ပြီး၊ ပုလဲအရန်မီးသ-တ်စခန်းအပါအဝင် မြောက်ဥက္ကလာပမြို့နယ် အရန်မီးသ-တ်စခန်း၊ ကျောက်တံတားမြို့နယ် အရန်မီးသ-တ်စခန်း၊ အလုံမြို့နယ် အရန်မီးသ-တ်စခန်း၊ တွံတေးမြို့နယ် စိတ္တသုခ အရန်မီးသ-တ်စခန်းတို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုကြောင်း အသိပေးစာကို ယမန်နေ့ ဇန်နဝါ ရီ (၄) ရက်က ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသ-တ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – HtinLin Aung
