မန္တလေးမြို့ရှိ ရတနာပုံခန်းမအနီး လက်လုပ်ဗုံးပေါက်ကွဲ
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနှင့် ၃၈ လမ်းကြားရှိ အောင်ပြည့်စုံခန်းမ(ရတနာပုံခန်းမ)အနီးတွင် ဒီဇင်ဘာ ၂၅ ရက်နံနက် ၇ နာရီကျော်ခန့်က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့နယ်နေသူများထံမှ သိရသည်။
“လက်လုပ်ဗုံးပေါက်တာလို့သိထားတယ် ပေါက် ကွဲသံအကျယ်ကြီးကြားလိုက်လို့ထွက်ကြည့်တော့ ကောင်မလေးတစ်ယောက်ဒဏ်ရာတွေနဲ့လဲနေတာတွေ့တယ်”ဟု မဟာမောင်မြေမြို့နယ်နေသူတစ်ဦးကပြောသည်။
အဆိုပါ လက်လုပ်ဗုံးသည် ရတနာပုံခန်းမ၌ ပေါက်ကွဲခြင်းမဟုတ်ဘဲ ခန်းမအနီး လမ်းမပေါ်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးအား လူနာတင်ယာဥ်ဖြင့် ဆေးကုသမှုခံယူရန် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးလျက်ရှိကာ ခန်းမအနီးတွင်လည်း လုံခြုံရေးအဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
အဆိုပါ အောင်ပြည့်စုံခန်းမ(ရတနာပုံခန်းမ)သည် ၂၀၂၁ ခုနှစ်၊မေ ၁၇ ရက်က နစက ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့်ခန်းမဖြစ်သည်။
Zaw Gyi
မႏၲေလးၿမိဳ႕ရွိ ရတနာပုံခန္းမအနီး လက္လုပ္ဗုံးေပါက္ကြဲ
မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊ ၇၈ လမ္းႏွင့္ ၃၈ လမ္းၾကားရွိ ေအာင္ျပည့္စုံခန္းမ(ရတနာပုံခန္းမ)အနီးတြင္ ဒီဇင္ဘာ ၂၅ ရက္နံနက္ ၇ နာရီေက်ာ္ခန္႔က လက္လုပ္ဗုံးတစ္လုံးေပါက္ကြဲမွုျဖစ္ၿပီး အမ်ိဳးသမီးတစ္ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။
“လက္လုပ္ဗုံးေပါက္တာလို႔သိထားတယ္ ေပါက္ ကြဲသံအက်ယ္ႀကီးၾကားလိုက္လို႔ထြက္ၾကည့္ေတာ့ ေကာင္မေလးတစ္ေယာက္ဒဏ္ရာေတြနဲ႔လဲေနတာေတြ႕တယ္”ဟု မဟာေမာင္ေျမၿမိဳ႕နယ္ေနသူတစ္ဦးကေျပာသည္။
အဆိုပါ လက္လုပ္ဗုံးသည္ ရတနာပုံခန္းမ၌ ေပါက္ကြဲျခင္းမဟုတ္ဘဲ ခန္းမအနီး လမ္းမေပၚ၌ ေပါက္ကြဲခဲ့ျခင္းျဖစ္သည္။ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သည့္ အမ်ိဳးသမီးအား လူနာတင္ယာဥ္ျဖင့္ ေဆးကုသမွုခံယူရန္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ခဲ့ေၾကာင္း သိရသည္။
အခင္းျဖစ္ေနရာအား လုံျခဳံေရးအဖြဲ႕ဝင္မ်ားကစစ္ေဆးလ်က္ရွိကာ ခန္းမအနီးတြင္လည္း လုံျခဳံေရးအဖြဲ႕ဝင္မ်ားက ေစာင့္ၾကည့္စစ္ေဆးလ်က္ရွိသည္။
အဆိုပါ ေအာင္ျပည့္စုံခန္းမ(ရတနာပုံခန္းမ)သည္ ၂၀၂၁ ခုႏွစ္၊ေမ ၁၇ ရက္က နစက ဥကၠ႒ တက္ေရာက္ဖြင့္လွစ္ေပးခဲ့သည့္ခန္းမျဖစ္သည္။