Tuesday, January 13, 2026

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုနှင့် ထရမ့်ပ် တွေ့မည်

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကရာကတ်စ်ရှိ ယာယီအစိုးရခေါင်းဆောင်ပိုင်းအပေါ် ဖိအားများတိုးမြင့်လာချိန်တွင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုသည် ယခုသီတင်းပတ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsမန္တလေးမြို့တွင် ရွေးကောက်ပွဲအတွက် အသိပညာပေးလက်ကမ်းစာစောင်များ...

မန္တလေးမြို့တွင် ရွေးကောက်ပွဲအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈ လမ်းထောင့်၌လည်းကောင်း၊ လမ်း ၈၀ နှင့် ၄၁ လမ်းထောင့်၌လည်းကောင်း၊ ၈၄ လမ်း၊ ၃၈ လမ်းနှင့် ၄၁ လမ်းကြားရှိမန်းမြိုဈေး၌ ရွေးကောက်ပွဲအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေးအတွက် “ဒိုအတူမဲပေးကြမည်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာအဖွဲအစည်းများနှင့်ပူးပေါင်း၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်အဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ Asia World Port Terminal ၌လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဆန်တန်ချိန် (၅၀၀)ပေးပို့လှူဒါန်းမည့် စာရွတ်စာတမ်းများအား မြန် မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma ထံပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071