မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်မှတဆင့် “မောသစ်” ရွှေဆိုင်အားဖွင့်လှစ်ရန်ထွက်လာစဥ် ဓားပြတိုက်လုယက်ယူဆောင်သွားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်တွင် ဒီဇင်ဘာ ၂၀ ရက်(ယနေ့)နံနက် ၇ နာ ရီကျော်ခန့်တွင် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက “မောသစ်”ရွှေဆိုင်အားဖွင့်လှစ်ရန်နေအိမ်မှ ရွှေများထည့်ထားသည့်ခြင်း ၂ ခြင်းအားယူဆောင်၍ ထွက်ခွာလာသူအား ခြိမ်း ခြောက်ကာ ရွှေများထည့်ထားသည့် ခြင်း ၂ ခြင်းကိုလုယက်ယူဆောင်ပြီးနောက် မောင်းနှင်ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။
“ဖြစ်စဥ်ကို ရဲတပ်ဖွဲ့ကသတင်းရချင်းပဲစုံစမ်းစစ် ဆေးတာတွေ ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ် လုယက်သွားခံရတဲ့ ရွှေထည့်ထားတဲ့ခြင်း ၂ ခြင်းထဲမှာပါတဲ့ ရွှေတန်ဖိုးကတော့ မသိပါဘူး စစ် ဆေးဆဲပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြော သည်။
အခင်းဖြစ်ပွားမှုအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ ပြစ်မှုကျူးလွန်သွားသူ ၂ ဦးကိုဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“မောသစ်”ရွှေဆိုင်သည် ယခုအကြိမ်အပါအဝင် ၃ ကြိမ်ဓားပြတိုက်ခံခဲ့ရပြီးဖြစ်ကာ ၃ ကြိမ်လုံးတွင် ရွှေများလုယက်ယူဆောင်သွားခြင်းခံခဲ့ရသည်ဟု သိရသည်။
ပုံစာ-“မောသစ်”ရွှေဆိုင် ပုံဟောင်းဖြစ်ပါသည်။