မန္တလေးမြို့ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅-က ဖြင့်ပြစ်ဒ-ဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ (၁၈၅) ဦးလွတ်ငြိမ်းခွင့်ရကာ ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ၎င်းတို့၏ မိသားစုဝင်များကလာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ရသူများအား တာဝန်ရှိသူများကတွေ့ဆုံ၍ ဆုံးမသြဝါဒစကားပြောကြားပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လုပ်အားခဆုငွေနှင့် စားစရိတ်၊ ခရီးစရိတ်ပေးခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မကြာမှီကျင်းပမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒ-ဏ်ကျခံနေရသူများအား လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် မန္တလေးတိုင်းရှိ အကျဉ်းထောင် (၅) ခုမှ အကျဉ်းသား၊ အကျဉ်းသူ (၂၆၅) ဦး ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း သိရသည်။
