Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeNewsLocal Newsမန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ ငလျင်ဒ-ဏ်သင့်...

မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ ငလျင်ဒ-ဏ်သင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ UNDP ၏ ငွေကြေးအထောက်အပံ့လျှောက်ထားနိုင်

မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒ-ဏ်ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် ကျပ်သိန်း (၄၀) မှ သိန်း(၁၀၀) အထိ ပေးအပ်သွားမည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ၏ ငွေကြေးအထောက်အပံ့များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ပထမအသုတ် အငယ်စားနှင့်အလတ်စားလုပ်ငန်း (၂၀၀) အတွက် UNDP က ငွေကြေးထောက်ပံ့မှုများ ပေးအပ်ပံ့ပိုးသွားမည်ဖြစ်သည်။

ထို့ကြောင့် တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်းများ (Formal SMEs) လျှောက်ထားနိုင်သကဲ့သို့ လုပ်ငန်းသက်တမ်း (၁) နှစ်အောက်သာ ရှိသေးသည့် သက်တမ်းနုလုပ်ငန်းများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

အထူးဦးစားပေးအနေဖြင့် အမျိုးသမီးများ ဦးဆောင်ပိုင်ဆိုင်သည့် လုပ်ငန်းများတွင် အနည်းဆုံး ၆၀ ရာခိုင်နှုန်းကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျောက်ထားမည့်သူများအနေဖြင့် အသေးစိတ်အချက်အလက်ကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) က ဖော်ပြထားသည့် ဖုန်းနံပါတ်ကတစ်ဆင့် စုံစမ်းနိုင်ပြီး လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက်တွင် နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ငလျင်ဖြစ်စဉ်အတွင်း စီးပွားရေးလုပ်ငန်းအများအပြားသည် အခက်အခဲများတွေ့ခဲ့ရပြီး လုပ်ငန်းလည်ပတ်မှုအချို့ကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၂)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲချိန်အစ (၄)မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းမှာ ဦးဆောင်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၈၉မိနစ်တွင် ယွန်းဝတီလှိုင်၏ ဖြတ်တင်ဘောကို မေထက်လူက ဒိုင်ဗင်ထိုး ခေါင်းတိုက်ပြီး အသင်းအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ ဖိလစ်ပိုင်အသင်းဘက်ကလည်း ချေပဂိုး(၁)ဂိုး သွင်းယူခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်၌ပင် အနိုင်ကစားပြနိုင်ခဲ့သဖြင့် ပရိသတ်၏အားပေးမှုကို တခဲနက်...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071