Saturday, May 24, 2025

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...

အီတလီသံရုံးနှင့် AWBA Group တို့...

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ...
HomeNewsLocal Newsမန္တလေးနှင့် စစ်ကိုင်းတိုင်း အနီးတဝိုက်တွင်...

မန္တလေးနှင့် စစ်ကိုင်းတိုင်း အနီးတဝိုက်တွင် နေ့စဉ်ရက် ဆက်နီးပါး ငလျင်များလှုပ်ခတ်နေ၊ အင်အားပြင်း ငလျ င် လာနိုင်ခြေမရှိသေးဟုဆို

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၅) ရက် နံနက်ပိုင်းမှ စတင်ကာ ယ နေ့ နံနက်ပိုင်းအထိ မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်း ဗ ဟိုပြုကာ ငလျင်လှုပ်ခတ်မှုများ နေ့စဉ်နီးပါးဖြစ်ပေါ်နေသော်လည်း အင်အားပြင်း လာနိုင်ခြေနည်းပါးကြောင်း ငလျင်ပညာရှင်များက သုံးသပ်ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၅) ရက် နံနက်ပိုင်းက မန္တလေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် (၁၅) မိုင်ခန့်အကွာ ၊ တံတားဦးမြို့၏ အရှေ့ဘက် (၄) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား (၅.၂) အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ယ နေ့ နံနက်ပိုင်းအထိ နောက်ဆက်တွဲ ငလျင်ငယ်များ လှုတ်ခတ်နေခြင်း ဖြစ်သည်။

အဆိုပါ အင်အား အသင့်အတင့်ရှိ ငလျင်သည် စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် ထိစပ်နေသည့် မူးပြတ်ရွေ့ကြောမှ ဗ ဟိုပြု လှုပ်ခတ်ခြင်းဖြစ်ကြာ ဧရာဝတီမြစ်အတွင်း ဗဟိုပြုလှုပ်ခတ်ခြင်းဖြစ်ကြောင်းနှင့် အထက်အောက် လှုပ်ခတ်ခြင်းကြောင့် တုန်ခါမှုကို သိသိသာသာခံစားရခြင်း ဖြစ်ကြောင်း ငလျင်ပညာရှင် ဆရာမ ဒေါ်လှလှအောင်က ပေါ်ပြူ လာနယူး(စ်) သို့ ရှင်းပြသည်။

” စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်နွယ်နေတဲ့ မူးပြတ်ရွေ့က လှုပ်တာပေါ့။ စစ်ကိုင်းပြတ်ရွေ့က ဘေးတိုက်လှုပ်တယ်။ ဒီတစ်ကြိမ်မှာ လှုပ်တဲ့။ သဘောတရားက အထက်အောက်လှုပ်တယ်။ အထက်အောက်ကို တော်တော်ကို ပြင်းပြင်းလှုပ်တယ်။ အထက်အောက်ကိုပဲ အောက်ကနေ တွန်းတင်တဲ့အတွက် ကုလားထိုင်မှာ ထိုင်နေတဲ့လူတောင် မြောက်တက်သွားအောင် လှုပ်တယ်။ ဒါက ခံစားရတဲ့သူတွေ ပြောတဲ့အပေါ်မူတည်ပြီး ဆရာမက ပြောတာ။ နောက်တစ်ချက်က အဲဒီလှုပ်တဲ့ ငလျင်ရဲ့ ဗဟိုက မြစ်ထဲမှာ သွားကျနေတာဖြစ်တယ်။ ဧရာဝတီမြစ် ၊ ဧရာဝတီမြစ်ထဲမှာရှိတဲ့ သဲသောင်တွေပေါ်မှာ သွားကျနေတယ်။ မြေပျော့ထဲမှာ ဖြစ်တဲ့ ငလျင်တွေဟာ ခံစားရတာ ပိုပြီးတော့ ပြင်းတယ်။ ဘာလို့လဲဆိုတော့ မြေပျော့မှာ ငလျင်လှိုင်းဖြတ်တဲ့အတွက် ပိုပြီးတော့ ခပ်ပြင်းပြင်း လှုပ်တယ်” ဟု ဒေါ်လှလှအောင်က ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် အနီးဝန်းကျင်မြို့များရှိ ရှေးဟောင်း အဆောက်အဦများ ၊ စေတီပုထိုးများ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထုအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ယင်းကဲ့သို့ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ယနေ့ဒီဇင်ဘာ (၁ ၉) ရက် နံနက်ပိုင်းအထိ နေ့စဉ်နီးပါး ငလျင်ငယ်များထပ် မံလှုပ်ခတ်ခဲ့ပြီး (၅) ကြိမ်ထက်မနည်း ရှိကြောင်း မိုးလေဝ သနှင့် ဇလဗေဒဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ယခုလို ငလျင်ငယ်များ ထပ်မံလှုပ်ခတ်နေသည့်အတွက် အင်အားပြင်း ငလျင်များ ထပ်မံလှုပ်ခတ်လာမည်ကို ပြ ည်သူလူထုမှ စိုးရိမ်မှုများ ရှိနေကြခြင်း ဖြစ်သည်။

အဆိုပါ စိုးရိမ်မှုများနှင့် ပတ်သက်၍ မေးမြန်းစဉ် လတ် တလောအခြေအနေအရ စတင်လှုပ်ခတ်ခဲ့သည့် ဒီဇင်ဘာ (၁၅) ရက် နံနက်ပိုင်း ငလျင်မှာ အင်အားအပြင်းဆုံးဖြစ်ပြီး ထပ်မံလှုပ်ခတ်နေသည့် ငလျင်ငယ်များမှာ အဆိုပါငလျင် အောက်သာဖြစ်သည့်အတွက် အင်အားပြင်းသည့် ငလျင်များ လှုပ်ခတ်လာမည့် အခြေအနေမရှိကြောင်း ဒေါ်လှလှအောင်က ဆိုသည်။

” ငလျင်ကတော့ ထပ်ပြီးတော့ လှုပ်ချင်လည်း လှုပ်နေဦးမယ်။ ဒီတစ်ကြိမ်မှာ လှုပ်သွားတာက (၅.၂)နဲ့ အကြီးဆုံး လှုပ်ထားပြီးပြီ ဆိုတော့ သူ့နောက်က လှုပ်မယ့်ဟာတွေက သူ့ထက်ပိုပြီးတော့ မကြီးတော့ဘူး။ (၅.၂) နဲ့ စလှုပ်သွားတော့ သူ့ထက်ပြင်းပြီးတော့ အကြီးကြီးများ လှုပ်ဦးမလားလို့ မျှော်လင့်ရတာပေါ့။ ဒါပေမဲ့ (၅.၂) ထက် ငယ်တဲ့ (၄.၇) နဲ့ ထပ်ပြီးတော့ လှုပ်သွားတယ်ဆိုတော့ (၅.၂) နဲ့ လှုပ်သွားတဲ့ ငလျင်က အဓိက ငလျင်ဖြစ်သွားတာပေါ့။ ဒါက လှုပ်သွားတဲ့ ငလျင်တွေ အားလုံးကို ခြုံငုံပြီး ပြောတာပေါ့” ဟု ဒေါ်လှလှအောင်က ပြောသည်။

ယခုကဲ့သို့ ခန့်မှန်းရခြင်းမှာ လတ်တလော စစ်ကိုင်းပြတ်ရွေ့နှင့် မူးပြတ်ရွေ့အပေါ် ဗဟိုပြုကာ လှုပ်ခတ်နေသည့် ငလျင်များနှင့် ပတ်သက်၍ ပြောဆိုခြင်းသာဖြစ်ပြီး ငလျ င်နှင့် ပတ်သက်၍ ကြိုတင်ခန့်မှန်း၍ မရနိုင်သည့်အတွက် ခိုင်ခံ့သည့်အဆောက်အဦများသာ ဆောက်လုပ်နေ ထိုင်ကြပြီး ပြည်သူလူထုအနေဖြင့်လည်း ငလျင်ဘေးအ န္တရာယ်ကာကွယ်ရေး အစီအမံများကို ကြိုတင်ပြင်ဆင်ကာ အ ရေးပေါ်ကာကွယ်ရေး နည်းလမ်းများကိုလည်း လေ့လာပြင်ဆင်ထားသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ ဒီဇင်ဘာ (၁၉)ရက်နံနက် (၆)နာရီခွဲဝန်းကျင် အချိန်ခန့်တွင်လည်းမန္တလေးမြေငလျင်စခန်း၏ အနောက်တော င်ဘက် (၁၇) မိုင်အကွာ ၊ တံတားဦးမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာကို ဗဟိုပြုကာ ပြင်းအား (၃.၁) အ ဆင့်ရှိ အင်အားအသင့်အနည်းငယ်ရှိသော ငလျင်တစ်ကြိ မ် လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေ ဒဦးစီးဌာနမှ သိရသည်။

ပုံစာ – ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် အနီးဝန်းကျင်မြို့များရှိ ရှေးဟောင်း အဆောက်အဦများ ၊ စေတီပုထိုးများ ထိခိုက်ပျက်ဆီးမှုများ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင် မွန်းလွဲ ၁ နာရီခန့်က ရဟတ်ယာဉ်ပျ-က်ကျကာ မီးတောက်လေ-ာင်ခဲ့ခြင်းဖြစ်ပြီး မီးသ-တ်သမားများနှင့် ကယ်ဆယ်ရေးသမားများက မီးငြှိမ်းသတ်ပေးခဲ့သည်။ ဖြစ်စဉ်တွင် ပိုင်းလော့နှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦးတို့ ‌ေ-သဆုံးခဲ့သည်ဟု ထိုင်းမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဖေ့စ်ဘုတ်ပေ့ချ်တွင် ဖော်ပြခဲ့ပြီး လေထီးခုန်ထွက်ခဲ့သူ၏ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါရဟတ်ယာဉ်သည် ကန်ချနာဘူရီရဲတပ်ဖွဲ့ လေကြောင်းရဲဌာနမှ ဘဲလ် ၂၁၂ အမျိုးအစားရဟတ်ယာဉ်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ရဟတ်ယာဉ်...

လေပိုင်နက်သုံးခွင့်ပိ-တ်ထားခြင်းကိုအိန္ဒိယနှင့်ပါကစ္စတန် သက်တမ်းတိုး

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယလေယာဉ်အားလုံးကို ၎င်း၏ လေပိုင်နက်အသုံးပြုခွင့်ကို ပိ-တ်ပင်ထားခြင်းကို တစ်လသက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(PCAA) က သောကြာနေ့တွင် ကြေညာခဲ့သည်။ PCAA ၏ ထုတ်ပြန်ကြေညာခဲ့သော လေပိုင်နက်အသုံးပြုခွင့်ဆိုင်ရာ သတိပေးချက်(NOTAM) အရ ပိ-တ်ပင်မှုသည် အိန္ဒိယတွင် မှတ်ပုံတင်သော၊ အိန္ဒိယလေကြောင်းလိုင်းများနှင့် အော်ပရေတာများက ပြေးဆွဲသော၊ ပိုင်ဆိုင်သော သို့မဟုတ် ငှားရမ်းထားသော လေယာဉ်အားလုံးနှင့် သက်ဆိုင်သည်ဟု ဆိုသည်။ လေပိုင်နက် အသုံးပြုခွင့် ပိ-တ်ပင်မှုသည် ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်အထိ အာဏာ သက်ရောက်မည်ဖြစ်သည်။ အဆိုပါတားမြစ်ချက်ကို ၂၀၂၅...

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန် ဂီတရံပုံငွေပွဲ ပြုလုပ်မည်

ငလျင်ဘေးသင့်ဒေသများသို့ လှူဒါန်းရန်အတွက်နိုင်ငံကျော် တေးသံရှင်များပါဝင်သည့် ဂီတရံပုံငွေပွဲတစ်ခုကို မေလ (၂၄)ရက်၊ ညနေ(၆)နာရီအချိန်တွင် မန္တလေးမြို့ The Square Theatre တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂီတရံပုံငွေပွဲတွင် ဇော်ပိုင်၊ ဝေလ၊ ဂျီလတ်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ စိုးထက်(ဝါဆို)၊ ချောစုခင်၊ အိမ့်ချစ်၊ ဂျူဝယ်၊ ကေကေမိုး၊ ချမ်းမြေ့မောင်ချိုအပါအဝင် အခြားအဆိုတော်များအားဖြည့်၍ MC နှင့် Mystery Band Mandalay တေးဂီတဝိုင်းတော်သားများက အားဖြည့်ကူညီတီးခတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတရံပူံငွေပွဲအား Main Sponsor အဖြစ် ထိပ်တန်းရွှေဘုရင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071