မန္တလေးမြို့ရှိ မန္တလေးနန်းမြို့ရိုးနံရံများ၏ နေရာအချို့တွင် သဘာဝဘေးဒဏ်ကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မန္တလေးနန်းမြို့ရိုး၏ အရှေ့မြောက်ထောင့်ရှိ ထောင့်(၁)နန်းမြို့နေရာတွင် သဘာဝဘေးဒဏ်ကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီဇင်ဘာလကလှုပ်ခဲ့တဲ့ ငလျင်တွေကြောင့်ပိုပြီးအက်ကွဲကြောင်းတွေဖြစ်သွားတာဖြစ်မယ် ရှေးမူမပျက်ပြင်ဆင်နေတာကအကောင်းဆုံးပဲ ဒီနန်းမြို့ရိုးက မန္တလေးမြို့ရဲ့ အထိမ်းအမှတ်တစ်ခုပါ” ဟု မန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ဦးကျော်စိုးကပြောသည်၊
ထို့ကြောင့် မန္တလေးမြို့၊ရှေးဟောင်းသုတေသနဌာနမှ အက်ကွဲကြောင်းများဖြစ်ပေါ်နေသည့် နန်းမြို့ရိုးနေရာအား ရှေးမူလက်ရာမပျက်ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးနန်းမြို့ရိုး၏ ထောင့်(၁)ရှိ ကြမ်းခင်းများအားပြန်လည်ပြုပြင်ခြင်း၊သရဲခို ၂၅ လုံးအား အသစ်ပြန်လည်ပြုပြင်ခြင်းများအား မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းနှင့်မန္တလေးရှေးဟောင်းသုတေသနဌာနခွဲမှတာဝန်ရှိသူများက ရှေးမူလက်ရာမပျက်ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။


