Thursday, March 20, 2025

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို...

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeNewsLocal Newsမန္တလေးတွင် KBZ ဘဏ်ခွဲ...

မန္တလေးတွင် KBZ ဘဏ်ခွဲ (၉) ဓားပြအတိုက်ခံရ၍ ငွေသိန်း ၄၀၀ ပါသွား

မန္တလေးတွင် KBZ ဘဏ်ခွဲ (၉) ဓားပြအတိုက်ခံရ၍ ငွေသိန်း ၄၀၀ ပါသွား

မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ် အတွင်းရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၉) ၌ ငွေကျပ် သိန်း ၄၀၀ ဓားပြတိုက်ခံရသည့်ဖြစ်စဉ် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ဘဏ်ခွဲ (၉ )သို့ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က အမျိုး သားနှစ်ဦး KBZ Pay ဖွင့်မည်ဟုဆိုကာရောက်ရှိလာသည့် အတွက် ဝန်ဆောင်မှုပေးနေစဉ် သေနတ် ကိုင်ဆောင်ထားသူ (၂) ထပ်မံရောက်ရှိလာကာ ငွေကျပ် သိန်း ၄၀၀ ကို ယူ ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

” ဟုတ်တယ်ဟ။ ဖြစ်တာလည်း ကြည့်ဦး ၊ ရဲစခန်းနားက ဘဏ်ကို ဝင်တိုက်တာ ။ ကောင်တာပေါ်က အထုပ်ဆိုတာကလည်း ကျောက်ခဲကြီး ထည့်ထားတာ။အခုတော့ အဲကိ စ္စနဲ့ တစ်မြို့လုံး နီးပါး စစ်နေပြီ ” ဟု အခင်းဖြစ်ရာ ရပ် ကွက်တွင်နေထိုင်သူ တစ်ဦးက ရီရီမောမောဖြင့် ပြော သည်။

ဓားပြတိုက်ခံရသည့် ဘဏ်ခွဲသည် ချမ်းအေးသာဇံမြို့ နယ်၊ (၂၆) လမ်း၊ (၆၂)လမ်းနှင့် (၆၃) လမ်းကြားတွင် တည်ရှိပြီး အမှတ်(၃) ရဲစခန်းနီးတွင် တည်ရှိကြောင်း သိရသည်။

သေနတ်ကိုင်ဆောင်ထားသူတစ်ဦးမှ ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်ကောင်တာမှ ငွေကျပ် သိန်း ၄၀၀ ခန့်အား အိတ်ဖြင့်ထည့်၍ ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး ဘဏ်ကောင်တာပေါ်တွင် ကျောက်ခဲထည့်ထားသည့် အမဲရောင် အိတ်အား ဗုံးဟုယူဆစေရန် ရဲသို့တိုင်ကြားပါက ဖောက်ခွဲပစ်မည်ဟု ပြောဆိုကာ တင်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဘဏ်ဓားပြတိုက်မှု ဖြစ်စဉ်နှင့် ပတ် သက်၍ မန္တလေး တစ်မြို့လုံး နီးပါးရှိ လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေး ရှာဖွေမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Photo – CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့တို့၏အစီအမံဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်း ကလေ-းငယ်များအား တပ်မတော်မှနုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် (၁၀)နှစ်မှ (၁၈)နှစ်ကြား မှတ်ပုံတင်ကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်၍ ကလေ-းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကလေ-းများနှင့် မိဘများကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့်အစီ ရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှစီစဉ်သော ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှပို့ဆောင်ပေးခဲ့သည်။ ယင်း စခန်းတွင် မိဘများနှင့်အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃ ဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြာကြားခဲ့သည်။ အဆိုပါ လူ-ကုန်ကူးခံရသူများသည် မြန်မာနိုင်ငံရှိငွေလိ-မ်ဂိုဏ်းများမှလွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း အီသီယိုးပီးယားနိုင်ငံပိုင်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ နေရပ်ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံရှိ‌ လိ-မ်လည်မှုဂိုဏ်းများတွင် အခြေအနေဆိုးများကြုံတွေ့ခဲ့ရသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ယခုအချိန်အထိ အီသီယိုးပီးယားနိုင်ငံသား စုစုပေါင်း ၁၃၀ ကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ပို့ဆောင်ခဲ့သည်ဟုဝန်ကြီးဌာနကပြောကြားခဲ့သည်။ အဆိုပါလူ-ကုန်ကူးခံရသူများသည် အရှေ့တောင်အာရှနိုင်ငံများ၌ အလုပ်ကောင်းကောင်းရမည်ဟု သိမ်းသွင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ လိ-မ်လည်မှုဂိုဏ်းများသို့ လူ-ကုန်ကူးခံလိုက်ရခြင်းဖြစ်ရာ ပြည်သူများသတိထားနေထိုင်ကြဖို့လည်း...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို စိစစ်အရေးယူရန် ဆောင်ရွက်လျက်ရှိ

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ မတ်လ (၁၉) ရက်တွင် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ပါ အမိန့်ထုတ်ပြန်ခွင့်ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071