Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsမန္တလေးတွင် သားအမိ(၂)ဦး ရေလှောင်ကန်ပေါ်...

မန္တလေးတွင် သားအမိ(၂)ဦး ရေလှောင်ကန်ပေါ် ရေချိုးရာမှ ဓာတ်လိုက်ကာ သမီးဖြစ်သူ‌ ​ေ-သဆုံး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် မြေ အောက် ရေသိုလှောင်ကန်ပေါ် ၌ သားအမိ(၂) ဦး ရေချိုးရာမှ ရေမော်တာသို့ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးမှ ဓာ တ်လိုက်ပြီး သမီးဖြစ်သူ အသက်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ မေ (၁၈) ရက်၊ နေ့လယ် (၁၂)နာရီအချိန်ခန့်က အော င်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ နှင်းဆီအိမ်ရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူနှင့်အတူ ရေချိုးနေသည့် သမီးဖြစ်သူမှာ ရေမော်တာသို့ သွယ်တန်းထားသော လျှပ်စစ်ကြိုးမှ ဓာ တ်လိုက်ပြီး ရေသိုလှောင်ကန်အတွင်းသို့ ပြုတ်ကျသွားရာ မိခင်ဖြစ်သူမှ ကလေးအား ဆယ်ယူရာတွင် ထပ်မံဓာတ်လို က်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို သတင်းအရ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် အရန်မီးသ တ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သမီးဖြစ်သူမှာ အသက်ဆုံးရှုံးခဲ့ရပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား နှင်းဆီသုခစေတနာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071