Friday, February 14, 2025

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင်...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ်...

ဖေဖော်ဝါရီ၊ ၁၃ ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုက...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန်...

နီပေါ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ လက်ရွေးစင်အမျိုးသမီးအသင်း အပြီးသတ်...

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီ (၁၇)ရက်မှ(၂၆) ရက်အထိ ကျင်းပမည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ၌ ယှဉ်ပြိုင်မည့် အပြီးသတ်...
HomeNewsLocal Newsမန္တလေးတွင် မီနီအိုးဝေ (သုံးဘီး)အား...

မန္တလေးတွင် မီနီအိုးဝေ (သုံးဘီး)အား ရေဆေးနေသည့် အ မျိုးသားအား (၁၂)ဘီးကားမှ ဝင်တိုက်မိခဲ့သည့်အတွက် စိုး ရိမ်ရ ဒဏ်ရာများရရှိ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း၊ ညဈေး(တောင်ဘက်)တွင် ညအချိန် မီနီအိုးဝေ (သုံးဘီး)အား ရေဆေးနေသည့် အသက် (၅၅)နှစ်အရွယ် အမျိုး သား တစ်ဦးကို (၁၂)ဘီးကားတစ်စီးမှ ဝင်တိုက်မိပြီး မောင်း ထွက်ပြေးသွားရာ အတိုက်ခံရသူ အမျိုးသားမှာ စိုးရိမ်ရ ဒ ဏ်ရာများရရှိခဲ့ကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဧပြီ (၂၆) ရက် ၊ ည (၇) နာရီ (၁၀)မိနစ်အချိန်က မဟာအော င်မြေမြို့နယ်၊ ကမ်းနားလမ်း ညဈေး(တောင်ဘက်)တွင် မီနီအိုးဝေ (သုံးဘီး)ယာဉ်အား ရေဆေးနေသည့် အမျိုးသား တ စ်ဦးကို တောင်မှ မြောက်သို့ မောင်းနှင်လာသော (၁၂)ဘီး ကားမှ တိုက်မိကာ ချိတ်ပါသွားခဲ့ကြောင်း သိရသည်။  

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပတ်ဝန်းကျင်မှ အကူအညီတောင်းခံမှုအရ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း မဟာလူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်တိုက်ခံရသူ အသက် (၅၅)နှစ်ဝန်းကျင် အမျိုးသားမှာ ဘယ်ခြေကျိုး၊ ဘယ်လက်ကျိုး၊ ညာမျက်နှာ တစ်ခြမ်းပဲ့၊ ညာနားရွက်ပြတ်၍ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး OPD ဌာနသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင် နူးဒေလီ၏ မနီလာနှင့် ဒုတိယမြောက် ကာကွယ်ရေးပို့ကုန်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။ အိန္ဒိယ၏ ကာကွယ်ရေးသုတေသနဌာနက ဖန်တီး ထုတ်လုပ်သည့် Akash ဒုံး-ကျည်စနစ်ကို ဖိလစ်ကိုင်က စိတ်ဝင်စားခဲ့ပြီး ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်တွင် ယင်းဒုံး-ကျည်များကို မှာယူသွားမည်ဟု နူးဒေလီကို ပြောဆိုထားကြောင်း သတင်းရင်းမြစ် သုံးခုက ပြောခဲ့သည်။ အဆိုပါကိစ္စသည် အတိမ်းအစောင်းမခံသော အကြောင်းအရာဖြစ်၍ သတင်းရင်းမြစ်အားလုံးက အမည်မဖော်ပြစေလိုခြင်းဖြစ်သည်။ အကွာအဝေး...

ပူတင်နှင့်ထရမ့်ပ် ဆော်ဒီအာရေဗျ တွင် ပထမဆုံးအကြိမ် တွေ့ဆုံမည်

ဖေဖော်ဝါရီ၊ ၁၃ ရီပတ်ဘလစ်ကန်သမ္မတတက်လာပြီးနောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆော်ဒီအာရေဗျတွင် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုက ယူကရိန်းကို ကျူးကျော်မှု အဆုံးသတ်ရေး အတွက်ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည့် မိနစ် ၉၀ နီးပါးကြာ ဖုန်းပြောဆိုမှုအပြီးတွင် ထရမ့် က ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ “နောက်ဆုံးမှာ ကျွန်တော်တို့ တွေ့ဆုံဖို့ မျှော်လင့်တယ်။ တကယ်တော့၊ သူဒီကိုလာမယ်လို့မျှော်လင့်တယ်၊ ကျွန်တော်လဲအဲဒီကိုသွားမယ်၊ ဆော်ဒီအာရေးဗျမှာပထမဆုံးအကြိမ်တွေ့ဆုံဖို့မျှော်လင့်ပါတယ်၊ တစ်ခုခုလုပ်ဆောင်နိုင်မလားဆိုတာကြည့်ကြမယ်” ဟု ထရမ့်ပ် က ဘဲဥပုံ ရုံးခန်း...

ပြင်သစ်ကအိန္ဒိယဒုံးပျံလောင်ချာစနစ်ကိုဝယ်ယူရန်ဆွေးနွေးနေ

ဘန်ဂလူရူ၊ဖေဖော်ဝါရီ ၁၂ ပြင်သစ်က အိန္ဒိယ၏ဒုံးပျံလောင်ချာစနစ်အားဝယ်ယူရန်ဆွေးနွေးနေပြီး စာချုပ်ချုပ်ဆိုဖြစ်ပါက နူးဒေလီအတွက် ဒုတိယအကြီးဆုံးလက်-နက်တင်ပို့သူဖြစ်သော ပြင်သစ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယထံမှလက်-နက်ဝယ်ယူသူဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး လက်-နက်တင်သွင်းသူဖြစ်သလို ၎င်း၏ကာကွယ်ရေးလိုအပ်ချက်များ ပြည့်မီစေရန် ပြည်တွင်းထုတ်လုပ်မှုကိုပါမြှင့်တင်ရန် ကြိုးပမ်းနေပြီး ကာကွယ်ရေးပစ္စည်းများတင်ပို့မှုကိုလည်း ဆက်တိုက်မြှင့်တင်လျက်ရှိသည်။ အကွာအဝေး ၉၀ ကီလိုမီတာ (၅၆ မိုင်) ထိရောက်သော အိန္ဒိယပြည်တွင်းလုပ် Pinaka ဒုံးပျံစနစ်ကို လွန်ခဲ့သည့်သုံးလခန့်က အိန္ဒိယရှိ ပြင်သစ်ကိုယ်စားလှယ်အဖွဲ့အား စမ်းသပ်ပြသခဲ့ရာ ပြင်သစ်ဘက်ကသဘောကျဖွယ်ရှိသည်ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။ "လက်ရှိအချိန်မှာ ဝယ်ယူဖို့အထိအတည်မပြုရသေးပေမဲ့ ဆွေးနွေးမှုတွေတော့ဆက်လုပ်နေပါတယ်" ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ Source : အာရပ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071