မန္တလေးမြို့ လမ်း (၈၀) နှင့် (၃၉) လမ်းကြားတွင် မီနီအိုးဝေ နှစ်စီး မတော်တဆ တိုက်မိမှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်ကို သွား ရောက်ကူညီခဲ့သည့် “မဏီစလ”လူမှုကူညီရေးအသင်း (မန္တ လေး)မှ သိရသည်။
ယနေ့ ဇွန်လ (၁) ရက် နံနက်ပိုင်းက အဆိုပါ နေရာယာဉ်တို က်မှုဖြစ်ပွားကြောင်း အကူညီတောင်းခံချက်အရ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ အရေးပေါ်ကားဖြင့် ကူညီရန် ထွက်ခွာခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာအမျိုးသမီးအား မ န္တလေးပြည်သူ့ဆေးရုံကြီး (OPD)သို့ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
