Monday, November 17, 2025

မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ...

ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏...

ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကိုအလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ယနေ့ နိုဝင်ဘာ...
HomeNewsLocal Newsမန္တလေးတွင် ပျောက်ဆုံးနေသည့် သားငယ်မောင်ဇွဲဝေယံထွန်းကို...

မန္တလေးတွင် ပျောက်ဆုံးနေသည့် သားငယ်မောင်ဇွဲဝေယံထွန်းကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် မွန်းလွဲပိုင်းကတည်းက ပျော က်ဆုံးနေသည့် အသက် (၅) နှစ်အရွယ် မောင်ဇွဲဝေယံထွ န်းကို ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြော င်း မိသားစုဝင်များထံမှ သိရသည်။

” ကျေးဇူးတင်ပါတယ်ရှင်။ ကလေးကတော့ ကျန်းကျန်း မာမာလေးပါပဲရှင့်။ ရိုက်နှက်ထားတာမျိုးတော့ မရှိပါဘူးရှင့်။ ကောင်းကောင်းမွန်မွန်လေးပါပဲရှင့်။ အခုက စခန်းကခေါ်သွားတဲ့အတွက် ကလေးကိုသေသေချာချာမမေးရသေးလို့ပါ ။ နက်ဖြန်ကြရင် တိတိကျကျလေး ဖြေပေးပါ့မယ်ရှင့်။ ကလေးပြန်တွေ့ပြီဆိုတဲ့အကြောင်းလေးပဲ ရေးပေးပါရှင့်။ မနက်ဖြန်ကိုတော့ အားလုံးကို တိတိ ကျကျလေး ဖြေပေးပါ့မယ်ရှင့်” ဟု မောင်ဇွဲဝေယံထွန်း၏ မိခင်ဖြစ်သူက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

မောင်ဇွဲဝေယံထွန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁) ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ် ရန်မျိုးလုံရပ်ကွက်ရှိ အဘိုးနှင့် အဘွားဖြစ်တို့၏ နေအိမ်၌ ဆော့ကစားနေစဉ် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံမြို့ရပ် ကွက် ၊ (၇၁) လမ်းနှင့် လမ်း(၃၀) ၊ (၃၁) လမ်းကြားရှိ မန္တ လေးခရောစ့်ဆင့်မုန့်ဆိုင်မှ မောင်ဇွဲဝေယံထွန်း၏ အဘွားဖြစ်သူထံ ဒီဇင်ဘာ (၁၅) ရက် မွန်းလွဲပိုင်းတွင် ပေါ်ပြူလာနယူး (စ်) က ဆက်သွယ်မေးမြန်းစဉ် ကလေးငယ် ပျောက်ဆုံးသွားသည့် ဖြစ်စဉ်အား ပြန်လည်ရှင်းပြခဲ့ပြီး ကလေးငယ်သ ည် နေအိမ်ရှေ့တွင် ထိုင်ခုံဖြင့် ထိုင်ကာဆော့ကစားနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ပြထားသ ည်။

ကလေးငယ်ပျောက်ဆုံးသွားသည့်အတွက် အနီးအနားရှိ CCTV များအား စစ်ဆေးကြည့်ရှုရာတွင် ကလေးငယ်သည် အိမ်ရှေ့မှ ပြေးထွက်သွားသည်ကိုသာ တွေ့ရပြီး ဆက်လက်သွားရောက်သည်ကို မတွေ့ရဘဲ ထူးဆန်းစွာ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ရှင်းပြထားသည်။

ယနေ့ ဒီဇင်ဘာ(၁၆) ရက် နံနက်ပိုင်း ကလေးပြန်လည်တွေ့ရှိချိန် ထွက်ပေါ်နေသည့် လူမှုကွန်ရက် သတင်းများအရ ကလေးငယ်အား ဘေးအိမ်မှ အမျိုးသမီးကြီးတစ်ဦးမှ ခေါ်ဆောင်ထားသည်ဟု သိရသော်လည်း ကလေးငယ်၏ မိခင်ဖြစ်သူမှ ရဲစခန်းတွင် လုပ်ထုံးလုပ်နည်းများအရ လုပ်ဆောင်ဆဲဖြစ်သည့်အတွက် ဖြေဆို၍မရသေးကြောင်း ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားခဲ့သည်။

မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြပြီး ဝိုင်းဝန်းရှာဖွေပေးမှုများ၊ အကူအညီ တောင်းခံမှုများ ၊ ကူညီရှာဖွေပေးသူအား ဆုငွေချီးမြှင့်မည်ဟု သတင်းထုတ်ပြန်ကာ အကူညီတောင်းခံမှုများဖြင့် ဝိုင်းဝန်ကူညီခဲ့ကြပြီး အဆိုပါ ကူညီသူများအားကျေးဇူးတင်ရှိကြောင်းလည်း ကလေးငယ်၏ မိဘများက ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားများအားဆွဲဆောင်နိုင်သည့် နေရာများစွာရှိ၍ မိမိတို့မြို့ရွာပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပအောင်ဆောင်ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများစွာရှိသဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းကာ ပြည် တွင်း/ပြည်ပခရီးသွားများလာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မော်လမြိုင်လေဆိပ်တိုးချဲ့နိုင်ရေး၊ ပြည်တွင်းလေကြောင်းလိုင်းများ မော်လမြိုင်လေဆိပ်သို့ဆင်းသက်ပြေးဆွဲလျက်ရှိ၍ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကာ မီးရထားပို့ဆောင်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက်လည်း ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင် ရွက်လျက်ရှိသည်ဟု...

ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်နယ်လူမှုရေးရာဝန်ကြီးက ရာမညအားကစားကွင်း တည်ဆောက်ထားရှိမှု၊ ပြည်နယ်ကျောင်းသား အားကစားကွင်းတည်ဆောက်ထားရှိမှု၊ လူငယ်စင်တာဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်အားကစားဥယျာဉ် တည်ဆောက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ယာယီသမ္မတမှ စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေအရပ်ရပ်ကိုပါထည့်သွင်းတွက်ချက်၍ ရေရှည်အကျိုးဖြစ်စေသည့်ဆောင်ရွက်မှုများဖြစ်ရန်လိုပြီး အား ကစားကွင်းများသည် အဆင့်မီရမည်ဖြစ်ကာ အားကစားသမားများ အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုပြီး ပွဲကြည့်ပရိသတ်များအနေဖြင့်လည်း ပြည်နယ်အဆင့်နှင့် လျော်ညီစွာကြည့်ရှုအားပေးနိုင်ရမည်ဟုမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ယာယီသမ္မတသည် ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071