Wednesday, November 19, 2025

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ...

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ မကြာမီ စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် (CEO) Sergey Chemezov...

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ်...

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ...

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက်...

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု...

ပြည်ပနိုင်ငံသား (၃၁၇) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၃၁၇) ဦးကို...
HomeNewsLocal Newsမန္တလေးတွင်မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၊ ပေါက်ကွဲမှုမဖြစ်ခဲ့

မန္တလေးတွင်မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၊ ပေါက်ကွဲမှုမဖြစ်ခဲ့

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်ရှိ မြဝတီဘဏ်အား အမည်မသိအမျိုးသား ၂ ဦးက ဒီဇင် ဘာ ၁၂ ရက်(ယနေ့)နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က CZI(အနက်ရောင်) ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက ချမ်းမြသာစည်မြို့ နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်၊မြနန္ဒာလမ်းနှင့်စစ်ကိုင်းလမ်းခွဲကြားရှိ မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ဆိုင်ကယ်က မြောက်ဘက်ကနေတောင်ဘက်ကိုမောင်းလာတာ ဆိုင်ကယ်နောက်မှာထိုင်လိုက်လာတဲ့လူက လက်ပစ်ဗုံးနဲ့ပစ်လိုက်တယ် ပေါက်ကွဲတာတော့မဖြစ်ခဲ့ပါဘူး အဲဒီအချိန် အဲဒီနားမှာဖြတ်သွားဖြတ်လာတွေလည်း အများကြီးရှိတယ် အဲဒီလမ်းက စက်ဘီးနဲ့ဆိုင်ကယ်တွေပဲသွားရတဲ့လမ်းပါ”ဟု လုံခြုံရေးအထွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်၌ ပေါက်ကွဲမှုမဖြစ်ခဲ့သည့် လက်ပစ်ဗုံးကို လုံခြုံရေးအဖွဲ့ဝင်များက လမ်းအားယာယီပိတ်၍ အကာအရံများပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

Photo-MDY image

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ ရုရှား မကြာမီစတင်မည်

Su-75 Checkmate တို-က်လေယာဉ် စမ်းသပ်မှုများ မကြာမီ စတင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် (CEO) Sergey Chemezov က ဒူဘိုင်းလေကြောင်းပြပွဲ ၂၀၂၅ (Dubai Airshow 2025) တွင် ပြောကြားခဲ့သည်။ "လေယာဉ်အသစ်တစ်စင်းကို တီထွင်ဖန်တီးရာမှာ အချိန်အတော်အတန်ကြာမြင့်ပါတယ်၊ ပျမ်းမျှအားဖြင့် ၁၀ နှစ်ကနေ ၁၅ နှစ်အထိပေါ့။ အခုချိန်အထိဆိုရင် အချိန်အနည်းငယ်သာကုန်သေးတာပါ။ လေယာဉ်တွေဟာ အဲ့ဒီလောက်မြန်မြန် ဆက်ခနဲဖြစ်လာတာမျိုး မဟုတ်ပါဘူး၊ ကလေးတွေကတော့ ကိုးလမှာ မွေးနိုင်တာပေါ့။ ကျွန်တော်တို့ရဲ့ လေယာဉ်ကတော့...

အထူးဒေသ(၄)တွင်  ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကိုခမ်းနားစွာကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အထူးဒေသ (၄) ၊ မိုင်းလားမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုရင်ပြင်၌ ရှမ်းသက္ကရာဇ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို နိုဝင်ဘာ ၁၆ ရက်ကကျင်းပရာ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစန်ပေ့၊ ဦးဆန်လူနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ နှစ်သစ်ကူးအခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာပစ္စည်းများပြပွဲကိုလည်း ထည့်သွင်းပြသထားပြီး ယခုနှစ် နှစ်သစ်ကူးအခမ်းအနားအား ရှမ်းစာပေပြိုင်ပွဲ၊ ရိုးရာအားကစားပြိုင်ပွဲများ၊ ဒွေနဂရရွှေစေတီတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားများဖြင့် (၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စု(၂,၄၀၄) စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ယာယီတိမ်းရှောင်စခန်း(၁၉)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂,၄၀၄)စုအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများကို နိုဝင်ဘာ ၁၈ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယာယီတိမ်းရှောင်စခန်း(၁၉)မှ အိမ်ထောင်စု(၂,၄၀၄)စု အတွက် ဆန်အိတ်(၅၀၀)၊ ဆီပိဿာ(၅၀၀)နှင့် ကြက်ဥအလုံး(၅,၀၀၀)နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံဒါဇင်(၃၀၀)တို့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ယာယီနေအိမ်တန်းလျား တိုးချဲ့/ ပြင်ဆင်တည်ဆောက်နိုင်ရေးအတွက် ဝါးဖိုးအဖြစ်ငွေကျပ်သိန်း (၁၅၀)ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071