မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများမှ အကျဉ်းသား (၄၇၂) လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပြန်လည်လွတ်မြောက်လာသူများမှာ အိုးဘိုအကျဥ်းထောင် အကျဉ်းသား အမျိုးသား (၂၀၅) ဦး၊ အမျိုးသမီး (၃၁)ဦး ၊ မြင်းခြံအကျဥ်းထောင်မှ အကျဉ်းသား အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၈) ဦး၊ မိတ္ထီလာအကျဥ်းထောင်မှအမျိုးသား (၃၄) ဦး၊ အမျိုးသမီး (၆)ဦး၊ ရမည်းသင်းအကျဥ်းထောင်မှ အမျိုးသား (၇၀)ဦး၊ အမျိုးသမီး (၂၃)ဦး ၊ ညောင်ဦးထောင်မှ အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၃)ဦး၊ စုစု ပေါင်း (၄၀၆) ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရဲဘက်စခန်းများ တွေထဲကတော့ ထုံးဘို (၁)မှ (၁ ၇)ဦး၊ (၂၄)မိုင်စခန်းမှ (၄)ဦး၊ ထုံးဘို အမျိုးသမီးစခန်းမှ (၆) ဦး၊ ဘဲလင်း (၁) စခန်းမှ (၉)ဦး၊ ဘဲလင်း (၂) စခန်းမှ (၁၃) ဦး၊ ဘုရားငါးဆူ စခန်းမှ (၁၇) ဦး လွတ်မြောက်တဲ့အတွက် အလုပ်စခန်း စုစုပေါင်းက လွတ်သူ (၆၆) ဦး ပြန်လည် လွတ် မြောက်ခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း(၁) ရက်တွင် နိုင်ငံတ စ်ဝန်းရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းအသီးသီးမှ အကျ ဉ်းသူအကျဉ်းသား (၃၀၀၀) ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားခြင်းဖြစ်သည်။