မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်ရှိ တိုင်းလွှတ်တော်ရုံးရှေ့၊ချမ်းအေးသာစံမြို့နယ်ရှိ မဟာအောင်မြေခရိုင်တရားရုံးကားပါကင်အုတ်တံ တိုင်းနှင့်မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တို့တွင် ဖေဖော်ဝါ ရီ ၂၁ ရက်နံနက်ပိုင်းနှင့်ညပိုင်းတို့က လက်လုပ်ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့နံနက် ၁၀ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက အောင် မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြား၊ ၉ လမ်းမပေါ်ရှိ တိုင်းလွှတ် တော်ရုံးအား လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
လက်လုပ်ဗုံးသည် တိုင်းလွှတ်တော်ရုံးရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦးများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်း ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၅ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ မဟာအောင်မြေခ ရိုင်တရားရုံး၏ တောင်ဘက်ကားပါကင်အုတ်တံ တိုင်းဘေးတွင် လက်နက်ကိုင်အဖွဲ့ဝင်များထောင် ထားသည့် လက်လုပ်ရီမုဒ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦး ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင်လည်း ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက မဟာအောင်မြေမြို့နယ်၊စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၀ လမ်းနှင့် ၇၁ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။
ယင်း လက်လုပ်ဗုံးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကားလမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာနဲ့ပျက်စီးတာမရှိပါဘူး လုံ ခြုံရေးအဖွဲ့တွေကတော့ ဖြစ်စဥ်တွေမှာ ပြစ်မှုကျူးလွန်သွားတဲ့လူတွေကို ဖမ်းဆီးရမိဖို့အတွက် အခင်းဖြစ်တာနဲ့ချက်ခြင်းစုံစမ်းစစ်ဆေးတာတွေလုပ်နေကြတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။



